103 01
Ch103 - ရှောင်ရီဟန် ဘယ်ပျောက်သွားတာလဲ
ရှောင်ရီဟန်သည် လီချန်အား ၁ရက်၊ ၁၄နာရီနှင့် ၂၃မိနစ် မဆက်သွယ်ခဲ့ပေ။
လီချန်သည် ရှောင်ရီဟန်အား သိနေခဲ့သည်။ ဤသည်မှာ ပုံမှန်မဟုတ်ပေ။
လူနှစ်ယောက်တစ်နေ့လျှင် စကားတစ်ချို့မလဲလှယ်နိုင်သော လီချန်၏လေ့ကျင့်ရေးစခန်း၏ အပင်ပန်းဆုံးအချိန်အတွင်းပင်လျှင် ရှောင်ရီဟန်သည် နေ့တိုင်းလီချန်အား ဂွတ်မောနင်းနှင့် ဂွတ်နိုက်ဟု ပြောနေခဲ့သည်။ လီချန်သည်ပြန်မတုံ့ပြန်လျှင်ပင် သူသည်သူ၏နှုတ်ဆက်ခြင်းများကို ပို့ဆောင်ပေးနေဆဲဖြစ်သည်။
သို့သော် သူတို့စကားပြောမှတ်တမ်းမှာ မနေ့ကနှင့် အတူတူပင်ဖြစ်သည်။ လီချန်သည်သူ့အား စာပိုဒ်အရှည်ကြီးပို့ခဲ့သော်လည်း ရှောင်ရီဟန်မှာ အာမေဋိတ်ဖြင့်ပင် မတုံ့ပြန်ခဲ့ပေ။
လီချန်သည် ရှောင်ရီဟန်အား ခေါ်ရန်ကြိုးစားခဲ့သည်။ နိုင်ငံခြားဖုန်းခေါ်ဆိုမှုများမှာ အကုန်အကျများသော်လည်း သူဂရုမစိုက်ပေ။
သို့သော် သူသည်မိုဘိုင်းကွန်ရက် အော်ပရေတာ၏ အေးစက်စက်တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။ "လူကြီးမင်း ခေါ်ဆိုသော နံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်"
သူ၏စိတ်နှင့် ရှောင်ရီဟန်၏ဖုန်းသည် ပျောက်ဆုံးသည် သို့မဟုတ် ကျိုးသွားပါက သူ၏ဖုန်းကိုလဲကာ အမြန်လီချန်အား ဆက်သွယ်လိမ့်မည်။ ဆက်သွယ်မှုမရှိဘဲ အချိန်အတော်ကြာနေသည်မှာ စိတ်ကူးယဉ်ဖွယ်မရှိပေ။
လီချန်၏စိတ်ထဲ မျိုသိပ်ထားခဲ့သော စိတ်လှုပ်ရှားမှုနှင့် စိတ်ပူပန်မှုများ တစ်ခဏအတွင်း ပေါက်ထွက်လာကာ သူ့အားစက်ဆုပ်ဖွယ် မြင်ကွင်းအမျိုးမျိုးနှင့် ပြည့်စေခဲ့သည်။
မဟုတ်ဘူး...မတွေးနဲ့။
လီချန်သည် နှုတ်ခမ်းကိုက်ကာ ဆရာမကျွီရှန်းကိုခေါ်ရန် သူ၏ဖုန်းကိုထုတ်လိုက်သည်။
မကြာမီ ဖုန်းခေါ်ဆိုမှု ဆက်သွယ်သွားခဲ့သည်။
လီချန်သည် အချိန်မဖြုန်းတော့ဘဲ လိုရင်းကိုမေးလိုက်သည်။ "ဆရာမကျွီ၊ ခုတလော ဆရာမနဲ့ဆရာမ ယောင်္ကျားတို့ ရှောင်ရီဟန်ကို စခန်းမှာ သွားတွေ့သေးလား"
![](https://img.wattpad.com/cover/332326363-288-k557519.jpg)