အခန်း ၇၈

730 90 1
                                    

78 01

Ch78 - သူ၏လူကြီးဖြစ်လာသည့် အထိမ်းအမှတ်မှာ စိတ်လှုပ်ရှားစရာ စွန့်စားမှုနှင့် ကုန်ဆုံးတော့မည်

လီချန်သည် နဂိုက ဤကွာဝေးသောဆက်ဆံရေးအား သည်းခံရန်ခက်ခဲလိမ့်မည်ဟု ထင်ခဲ့သည်။ သူနှင့်ရှောင်ရီဟန်သည် ဒဏ္ဍာရီလာ နွားကျောင်းသားနှင့် ရက်ကန်းစင်မှ ကောင်မလေးကဲ့သို့ အချင်းချင်းနေ့တိုင်းလွမ်းကာ ကုန်ဆုံးလိမ့်မည်။

တကယ်တမ်းတွင်...လီချန်မှာ အလွန်ပင်ပန်းသောကြောင့် တွေးရန်အင်အားပင်မရှိခဲ့ပေ။

လီချန်သည် ဟွားချန်နံပါတ်တစ် အထက်တန်းကျောင်း၌ရှိစဉ် သူ၏လေ့ကျင့်ရေးပမာဏမှာ သူ၏အသင်းသားများအားလုံးကြား အများဆုံးဖြစ်နေခဲ့သည်။ သို့သော် သူလေ့ကျင့်ရေးစင်တာသို့ ရောက်သောအခါ သူ၏ယခင်လေ့ကျင့်ရေးပမာဏမှာ နောက်ပြောင်မှုတစ်ခုသာ ဖြစ်နေခဲ့သည်။

လက်ရွေးစင်အသင်း၏ လေ့ကျင့်သူများမှာ နတ်ဆိုးများအဖွဲ့ဖြစ်သည်။ သူတို့သည် မနက်ခင်းသွေးပူလေ့ကျင့်ခန်းလုပ်ရန် ငါးကီလိုမီတာ ရေကူးရမည်။

ငါးဆယ်မီတာအရှည် ရေကူးကန်အတွက် အခါငါးဆယ်ရှေ့နောက် ရေကူးခြင်းကိုဆိုလိုသည်။ သင်သည် နှစ်ဆယ့်ငါးမီတာအတို ရေကူးကန်အား စဉ်းစားပါက ရှေ့နောက်အခါတစ်ရာ ရေကူးခြင်းနှင့် ညီမျှသည်။

နည်းပြမှာ ဤအရေအတွက်အား ပထမဆုံးအကြိမ် ကြေငြာလိုက်သောအခါ ရေကူးအသင်းတစ်သင်းလုံး အုံကြွလာခဲ့သည်။ လီချန်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်: ကံကောင်းစွာနှင့် သူသည် ဤကဲ့သို့ "ပညာမဲ့"သူ မဟုတ်ခဲ့ပေ။

အမျိုးသားအသင်းအား တာဝန်ယူသည့် နည်းပြမှာ ယွီဟု အမည်ရသည်။ သူမသည် လေးထောင့်ဆန်သောမျက်နှာ၊ ဆံပင်တိုတို၊ နှာခေါင်းချွန်ချွန်နှင့် အမျိုးသမီးအယ်လ်ဖာဖြစ်ကာ သူမ၏မျက်ခုံးများမှာ အမြဲမျက်မှောင်ကြုတ်ကာ ရှုံ့တွနေသည်။ လီချန်သည် သူမအားသတင်းထဲမြင်ဖူးကာ သူမသည် ဒုတိယလက်ရွေးစင်အသင်းအား အဖက်ဖက်မှ စစ်တိုက်နိုင်ရန် ခေါ်ဆောင်သွားကာ အားကိုးရသည့်နည်းပြတစ်ယောက်ဖြစ်နေသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးTahanan ng mga kuwento. Tumuklas ngayon