အခန်း ၃၉

1.3K 194 4
                                    

Unicode
အခန်း - (၃၉)

 မင်းနမ်းတာကို ငါလိုချင်တယ်။

သည်တစ်ကြိမ်မှာတော့ မဲဆွယ်စည်းရုံးမှုမှာ လုံးဝ အောင်ပွဲရခဲ့သည်။ ထိုညတွင် နည်းပြ ဝူရှသည် သူ့ကိုယ်ပိုင်ငွေဖြင့် ရေကူးအဖွဲ့သားများကို ဂုဏ်ပြုညစာစားပွဲသို့ ဖိတ်ကြားခဲ့သည်။

“မင်းတို့ငါ့ကို ခွင့်တောင်းစရာ မလိုဘူး၊ လက်တွဲဖော် ရှိတဲ့သူတွေက မင်းတို့ရဲ့လက်တွဲဖော်ကို ခေါ်လာခဲ့ကြ၊ မရှိတဲ့သူတွေကတော့ ခြွင်းချက်မရှိ တစ်ယောက်ယောက်ကို သေချာပေါက် ခေါ်လာရမယ်”

သီတင်းကျွတ်နေ့တွေမှာ ဝူရှက အမြဲတမ်း မျက်နှာတည့်တည့်နှင့်သာ လေးနက်စွာ နေတတ်သည်။ ကစားသမားအားလုံးက သူ့ကို လေးစားကြပြီး ကြောက်ကြသည်။ ဒါပေမဲ့ သည်ညတွင်တော့ သူ့မျက်နှာမှာ အပြုံးများနှင့် ပြည့်နေပြီး အရေးအကြောင်းတွေတောင်မှ ပါးပြင်ထက် ပြန့်ကျဲနေပါသည်။

သူက လီချန်ကို ကြည့်ကာ”သားလေး၊ မင်းနဲ့ ရှောင်ရီဟန်ကြားက ဆက်ဆံရေးကို ငါတို့အားလုံးကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားမှာလဲ။ ငါ့မိန်းမရှေ့မှာ မင်းက အမှန်အတိုင်း မပြောခဲ့ဘူး၊ ဒီနေ့ မူးယစ်ဆေးဝါး စစ်ဆေးရေးရုံးမှာ ရှောင်ရီဟန် ပေါ်လာတာကို မြင်လိုက်ရတော့ ငါက ဘယ်လောက်တောင် အံ့သြသွားမိလဲ”

လီချန်က စိုးရိမ်တကြီးနှင့်”နည်းပြ၊ ငါနဲ့ ရှောင်ရီဟန်က အဲလို ဆက်ဆံရေးမျိုး တကယ်ကို မရှိပါဘူး”

ဝူရှ”ဘာပဲဖြစ်ဖြစ် ငါက beta တစ်ယောက်ပဲလေ၊ အယ်လ်ဖာ နဲ့ အိုမီဂါကြားက ပတ်သက်တာတွေကို နားမလည်ဘူး။ မဟုတ်ဘူးလို့ပြောရင်လည်း မဟုတ်ဘူးပေါ့”

“…”လီချန်သည် နည်းပြနှင့် ငြင်းခုံရန် အလွန်ခက်ခဲသည်ကို တွေ့ခဲ့ရသည်။

ဂုဏ်ပြုညစာစားပွဲအား ခရိုင်ရေကူးကန်ဘေးရှိ စားသောက်ဆိုင် ငယ်လေးတွင် ကျင်းပခဲ့ပါသည်။ သူတို့က သီးသန့်အခန်း တောင်းကြသည်။ ရီဟန်က နောက်ကျပြီး ဝင်လာတော့ စားစရာတွေက စားပွဲပေါ်တောင် တင်နေပြီ ဖြစ်သည်။ လီချန်က အခုမှ ဘယ်က ရောက် လာတာလဲဟု မေးသည်။ 

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးDonde viven las historias. Descúbrelo ahora