အခန်း ၃

2.9K 320 8
                                    

Unicode

အခန်း - (၃) လီချန် သူ့ပုံကြောင့် သရဲအခြောက် ခံလိုက်ရတယ်။

နောက်နေ့မနက်မှာတော့ လီချန်က ကျောင်း နောက်ကျခဲ့ ပြန်သည်။ သူရောက်လာတော့ ပထမတန်းက တစ်ဝက်ပင် ပြီးနေပြီး ဆရာမက စာသင်ဘောပေါ်တွင် စာများကို ခပ်သွက်သွက် ရေး၍ပင် နေသည်။

တခြားကျောင်းသားများ နောက်ကျသည့်အခါ ဆရာမက မကြည့်ဘဲ အနောက် တံခါးမှ သူတို့က ဂရုတစိုက်နှင့် သတိထားပြီး ခိုးဝင်ကြသည်။ သို့သော်လည်း လီချန်သည် အရှေ့တံခါး ဆီသို့ သတိမမူဘဲ လျှောက်လာခဲ့သည်။

ဆရာသည် သူ့အား ဘာမှမတတ်နိုင်သောကြောင့် မမြင်ချင်ယောင်ဆောင်၍ ထိုင်ခုံသို့ ချက်ချင်း သွားထိုင် ခိုင်းလိုက်သည်။

လီချန်သည် ထိုင်ခုံ၌ ထိုင်ရုံပင် ရှိသေး သူ့ရှေ့တွင် ထိုင်နေသော ဘီတာ လီညီအစ်ကိုများ၏ သူ့ဘက်သို့ ခေါင်းကိုလှည့်ကာ ရိုသေစွာ ကြည့်သောအခါတွင် သူက လန့်သွားရသည်။

ပြင်းထန်လှသည့် အကြည့်တွေကြောင့် သူ ကထိတ်လန့်သွားပြီး... “ မင်းတို့ ဘာလုပ်နေကြတာလဲ ” ဟု မေးလိုက်သည်။

လီညီအစ်ကိုများထဲမှာ A က သူ့ကို ပြုံးကာ လက်မထောင်ပြပြီး... ” လီကော မင်းက အရမ်း မိုက်တာပဲ ”

လီချန် ” ငါကလား ”

လီချန်က ” ငါ့ကိုပြောစမ်း၊ ငါ့ကို ဘာတွေအံ့သြနေတာလဲ ” ဟု မေးလိုက်ပြီးနောက် လီချန်က တည်ငြိမ်သယောင် ဟန်ဆောင်လိုက်သည်။

လီညီအစ်ကိုများထဲမှ B က... ” အခုလို နှိမ့်ချမနေပါနဲ့။ မနေ့ညက အဖြစ်အပျက်က တစ်ကျောင်းလုံး ပျံ့နှံ့နေပြီလေ ”

လီချန်းက စိတ်ထဲတွင် အံ့သြသွားသည်။ မနေ့ညက သူဘာလုပ်ခဲ့သနည်း။ မနေ့က လေ့ကျင့်မှုအပြီး ပင်ပန်းလွန်းသဖြင့် ခုတင်ပေါ်တွင် လှဲပြီး အိပ်ပျော်သွားခဲ့သည်။ သူ့ဂိမ်းမှာ နေ့တိုင်း Quest လုပ်ဖို့ပင် အချိန်မရှိခဲ့ပေ။

သူဆက်မမေးခင် လီညီအစ်ကိုများထဲမှ C က သူ၏ သူရဲကောင်းဆန်သည့်လုပ်ရပ်အကြောင်းကို ပြောပြီးသွားပြီ ဖြစ်သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးTahanan ng mga kuwento. Tumuklas ngayon