အခန်း ၇၁

988 115 5
                                    

71 01

အခန်း - (၇၁) ရှောင်ရီဟန်၏ ပုံကြမ်းစာအုပ်

ရှောင်ရီဟန် ထွက်သွားပြီးသောအခါ မှ လီချန်သည် အသိစိတ်ဝင်လာကာ သူ၏ ဘောင်းဘီထဲမှ စာရွက်တစ်ရွက်ကို တွေဝေစွာဖြင့်ထုတ်လိုက်သည်။

သူသည် အကြိမ်ပေါင်း ထောင်သောင်းမက ကံကောင်းခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူသည် ကံကောင်းသော ဤ ဘောင်းဘီအရှည်ကို ဝတ်ထားခဲ့သည်။ အကယ်၍သာ သူသည် အတွင်းခံဘောင်းဘီကိုသာ ဝတ်ထားပါက ရှောင်ရီဟန်သည် သူ့ကို ငွေထည့်ပေးသောအခါတွင် ...

" တော်တော့ ဆက်မတွေးသင့်တော့ဘူး "

လီချန် သည် ခေါင်းကို ခပ်ကြမ်းကြမ်းခါလိုက်ရင်း သူ၏ ညစ်ညမ်းသော အတွေးများကို ဖယ်ထုတ်လိုက်ရသည်။ သူသည် လက်ထဲမှ စာရွက်ကို အာရုံစိုက်လိုက်သည်။ ရှောင်ရီဟန် ၏ လက်ရေးသည် လှပသပ်ရပ်စွာ ရှိနေကာ သူ၏ စရိုက်လက္ခဏာကို ထင်ဟပ်လျက်ရှိနေသည်။ လက်ရေးသည် ညီညာစွာရှိနေကာ စုတ်ချက်တိုင်းသည် သဘာဝကျသည်။

လီချန် သည် ပုရွက်ဆိတ် အစုအဝေးဆန်ဆန် သေးငယ်ကာ ပျစ်ထွေးနေသည့် သူ့၏ လက်ရေးကို ပြန်တွေးလိုက်မိသည်။ ထို့နောက် ပထမဆုံးအကြိမ် လက်ရေးလှကျင့်ရန် စိတ်ကူးလိုက်တော့သည်။ ရှောင်ရီဟန်သည် စနေနေ့ နံနက်တွင် အစည်းအဝေးရှိနေကာ တည်နေရာသည်ထုံးစံ အတိုင်း အနုပညာခန်းမတွင်ဖြစ်သည်။ လီချန်သည် လိပ်ပြာမလုံစွာတွေးမိနေသည်မှာ ဆရာ ချိုးရှန်း သည် မီးဖွားခွင့် အတွက် ခွင့်မယူမီ အခန်းသော့ကို ရှောင်ရီဟန် ကိုသာ အပ်ခဲ့မည်ဆိုပါက တန်ဖိုးထားရသော စာသင်ခန်းသည် သူတို့၏ လျှို့ဝှက်ချိန်းတွေ့ခန်း အဖြစ် အသုံးချခံရတော့မည့် အကြောင်းကို တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိမည် မဟုတ်ဟူ၍ပင်။

စနေနေ့ နံနက်ခင်း။ ရှောင်မိသားစု...။

အယ်လ်ဖာ မိသားစုသည် စနေ၊တနင်္ဂနွေရက်များတွင်ပင် မိသားစုဝင်များကို အိပ်ရာမှထ,ရန်မိနစ်အနည်းငယ်မျှ နောက်ကျခွင့် မပြုပေ။

နံနက် ခုနစ်နာရီတွင် ရှောင် မိသားစု၏ မိသားစုဝင်သုံးဦးသည် ထမင်းစားပွဲတွင် နေ့တိုင်းကဲ့သို့ပင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now