အခန်း ၇၀

766 91 0
                                    

70 01

အခန်း - (၇၀) ပျက်ကွက်ခြင်းရဲ့ တန်ကြေး။

‌ရေကူးကန်အတွင်းတွင် ရေသည် တစ်စက်ချင်းကျနေသည်။ လီချန်သည် အသက်အောင့်ကာ ပုံစံတစ်မျိုးတည်းကို ပင် ကင်မရာရှေ့၌ ထပ်ခါတလဲလဲ သရုပ်ဆောင်နေရသည်။

မော်နီတာ ရှေ့တွင်ထိုင်နေသော director ကမူ သူ ကင်မရာထဲမှ သရုပ်ဆောင်၏ စိတ်သည် စားသောက်ဆိုင်ဆီသို့ ပျံ့လွင့်နေသည်ကို မသိရှာပေ။

"အရမ်းမိုက်တယ်, ရပ်လိုက်"

နောက်ဆုံးအခန်း ရိုက်ကူးရေး ပြီးစီးသွားခဲ့ပြီ။

လီချန်သည် သွက်လက်စွာပင် အောက်ဘက်မှ ပြန်လှည့်ကာ ဘောင်ပေါ်သို့ လက်ပစ်ကူးလာသည်။

သူသည် ရေကူးကန်၏ နံရံကို လက်နှစ်ဖက်ဖြင့်တွန်းကာ ကိုယ်ကိုဖော့ရင်း ဘောင်ပေါ်သို့တင်လိုက်သည်။ အသင့်စောင့်နေသော ဝန်ထမ်းက သရုပ်ဆောင်လေး၏ ကိုယ်ကို သုတ်ရင် အတွက် မျက်နှာသုတ်ပုဝါကို ကမ်းပေးရင်း ပြုံးပြလာသည်။

လီချန်ကို သူက ကျေးဇူးတင်ကြောင်းပြောပြီးနောက် "မင်းက ပြည်နယ်ချန်ပီယံလို့ ပြောတာငါကြားတယ် ဟုတ်လား"

လီချန်သည် ဂုဏ်ယူစွာဖြင့် ဖြေလိုက်သည်။

"ဟုတ်တယ်၊ အခုလက်ရှိမှာတော့ ကျွန်တော်က ပြည်နယ်ချန်ပီယံပါ"

အနာဂါတ်တွင်တော့ သူသည် နိုင်ငံ့ချန်ပီယံနေ ကမ္ဘာ့ချန်ပီယံ ဖြစ်လာလိမ့်မည်။

"မင်းက သိပ်တော်တဲ့ ရေကူးသမားပဲ"

ဝန်ထမ်းသည် ပိန်ပိန်ပါးပါး ကြွက်သားများကို ကြည့်နေရာမှ သူ၏ ရှေ့ထွက်နေသော ဝမ်းဗိုက်ပိုင်းကို ထိကိုင်ကာ နောင်တရသည့်ပုံစံဖြင့် သက်ပြင်းချလိုက်သည်။

" မင်းအရွယ်တုန်းက ငါလည်း အားကစားမှာ တော်ခဲ့တာ၊ အလုပ်လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ဝိတ်တက်လာတာ နှမျောစရာပဲ။ အခုဆိုရင် ငါ မပြေးနိုင်တော့ဘူး၊ ဘတ်စကတ်ဘောလည်း မဆော့နိုင်တော့ဘူး၊ မင်း ငါ့ကို ရေကန်ထဲပစ်ချရင်တောင် ငါရေနဲ့ထိတာနဲ့ အောက်အထိ မြုပ်သွားမှာ..."

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးTempat cerita menjadi hidup. Temukan sekarang