အခန်း ၈၄

717 105 1
                                    

84 01

Ch84 - လီချန်: "နည်းပြ၊ ဘာလို့ ကျွန်တော့်နေရာကို တခြားသူကို ပေးလိုက်တာလဲ"

ကမ္ဘာ့လူငယ်ကစားပွဲများ စာရင်းဇယားသည် လေ့ကျင့်ရေးစင်တာ၏ ခေါင်းဆောင်မှ နောက်ဆုံးခွင့်မပြုခင် တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့တင်ပြခံရသည်။ ‌၎င်းသည်အသင်းများဆီသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။

စာရင်း၏တရားဝင်ကြေငြာချက်မတိုင်ခင် ရာပေါင်းများစွာသော အသင်းသားများမှာ အဆုံးသတ်ယေဘုယျအစည်းအဝေးအား တက်ရောက်ရန် လေ့ကျင့်ရေးစင်တာပလာဇာသို့ ဆင့်ခေါ်ခံရသည်။ အားကစားဗျူရို၏ ခေါင်းဆောင်များမှာ မိန့်ခွန်းပြောရန် စင်မြင့်အားနေရာယူကာ သူတို့လက်ထဲမှ မိန့်ခွန်းများမှာ စာမျက်နှာသုံးမျက်နှာစာ ရှည်လျားနေခဲ့သည်။

"...ဒီနှစ်ရဲ့ ကမ္ဘာ့လူငယ်ကစားပွဲမှာ ငါတို့အရင်နှစ်တွေရဲ့ အားကစားပွဲစဉ်လွှမ်းမိုးမှုကို ဆက်ထိန်းနိုင်မှာ သေချာစေရင်း ရွှေတံဆိပ်အရေအတွက် စုစုပေါင်းကို တိုးအောင်ဆက်လုပ်မယ်။ ဒီနှစ်အသစ်ပေါင်းထည့်လိုက်တဲ့ ပွဲစဉ်အတွက် ပထမရွှေတံဆိပ်ဆုရဖို့ ကြိုးစားကြပါ..."

စင်မြင့်ပေါ်တွင် အားကစားဗျူရို၏ ခေါင်းဆောင်မှာ ပျင်းရိဖွယ်မိန့်ခွန်းပြောနေစဉ် စင်အောက်မှ အားကစားသမားများမှာ စတင်၍ ငြီးငွေ့လာကြသည်...

လေအေးမှာ လူတိုင်းအား သူတို့၏အောက်ခံဂျာကင်များကို ထွေးပွေ့စေကာ တုန်လှုပ်၍ သန်းစေခဲ့သည်။ သေချာသည်မှာ မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်၏မိန့်ခွန်းမှာ အလွန်အမင်းပျင်းစရာကောင်းသည်။

ဒါရိုက်တာ၏ရှည်လျား၍ ပျင်းရိဖွယ်မိန့်ခွန်းပြီးနောက် အားကစားအမျိုးမျိုးမှ နည်းပြများမှာ သူတို့၏ အားကစားသမားများအား လေ့ကျင့်ရေးခန်းမသို့ ပြန်ခေါ်သွားခဲ့ကြသည်။

မူလက သက်တောင့်သက်သာဖြစ်နေခဲ့သော အခြေအနေမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ဤအချိန်တွင် အဓိကဖြစ်စဉ်မှာ စတင်တော့မည်ကို လူတိုင်းသိနေခဲ့သည်။

ရေကူးအသင်းမှ အားကစားသမားများစွာမှာ ကမ်းပေါ်တွင် အတန်းနှစ်တန်းဖြင့် တန်းစီထားကာ ဘယ်ဘက်တွင် မိန်းကလေးများနှင့် ညာဘက်တွင် ယောင်္ကျားလေးများဖြစ်သည်။ လူတိုင်း၏မျက်လုံးများမှာ နည်းပြ၏လက်ထဲတွင်ရှိသော ဖိုင်တွဲပါးပါးလေးပေါ် ‌အာရုံစိုက်နေခဲ့ကြသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးOnde histórias criam vida. Descubra agora