အခန်း ၁၀၆

867 103 3
                                    

106 01

Ch106 - ၁၈နှစ်ပြည့် estrus ကာလ

"မင်္ဂလာပါရှင်။ နှစ်ယောက်သား ကြိုပြီးဘိုကင်ယူထားလားရှင့်"

ဟိုတယ်တံခါးမှ နှစ်ဖက်လုံးပွင့်လာသောအခါ ဟိုတယ်၏အရှေ့ခုံဝန်ထမ်းမှာ သခွားမွေးစေ့များ ဝါးနေသည်။ သူမသည် အမြန်မတ်တပ်ရပ်ကာ လက်များကိုင်ကာ ဟိုတယ်ဧည့်ခန်းထဲဝင်လာသော လူငယ်နှစ်ယောက်ကို ကြည့်လိုက်သည်။

ဧည့်သည်နှစ်ယောက်မှာ ၁၇နှစ် သို့မဟုတ် ၁၈ဖြစ်ပုံပေါ်သည်။ တစ်ယောက်မှာ အရပ်ရှည်၍ချောသော်လည်း အေးစက်စက်အမူအရာရှိနေပြီး အခြားတစ်ယောက်မှာ ပျော်ရွှင်ပုံပေါ်သော်လည်း သူ၏အဝတ်အစားများမှာ လိမ့်ထားသည့်အလား စုတ်ပြတ်နေသည်။

ဝန်ထမ်းသည် သူမဘေးမှ နာရီကို တစ်ချက်ကြည့်လိုက်သည်။ နှစ်သစ်ကူးအကြိုဖြစ်သည်။ မိသားစုများပြန်လည်ဆုံစည်းကာ ပျော်စရာအစားအသောက်စားရန် အချိန်ဖြစ်သည်။ ဤလူငယ်စုံတွဲမှာ ဤကဲ့သို့သောအချိန်၌ အခန်းငှားရန် အဘယ်ကြောင့် ဟိုတယ်သို့ရောက်လာသနည်း။

သူမသည် လူငယ်အတွဲအား အခန်းနာရီပိုင်းငှားရန် တောင်းဆိုမည်ဟု မျှော်လင့်ခဲ့သော်လည်း သူမအံ့ဩသွားသည်မှာ သူတို့သည်တစ်ပတ်လုံး အခန်းငှားထားခြင်းဖြစ်သည်။

ခုနစ်ရက်ကြာ သူတို့၏မိသားစုများနှင့် နွေဦးပွဲတော်ကို အချိန်ဖြုန်းမည့်အစား လူငယ်‌နှစ်ယောက်မှာ လက်တွဲ၍ ဟိုတယ်သို့ရောက်လာသည်မှာ ထူးဆန်းသည်။

...ခိုးပြေးလာတာ မဟုတ်ဘူးမလား။

သူမ၏ကိုယ်ပိုင်စိတ်ကူးမှာ ဝန်ထမ်းမှာ ရွှင်မြူးစေသည်။ ၎င်းသည် အလွန်ခေတ်နောက်ကျသည်။ တီဗီရှိုးထဲတွင် မဟုတ်သရွေ့ ခိုးပြေးမှုအဖြစ် ဤကဲ့သို့အရာမျိုးမရှိခဲ့ပေ။

လူငယ်နှစ်ယောက်မှာ သူတို့၏မှတ်ပုံတင်ကို လှမ်းပေးလိုက်သည်။ အရပ်ရှည်ကာအေးစက်သော လူငယ်လေး၏နာမည်မှာ ရှောင်ရီဟန်ဖြစ်ပြီး အခြားသွက်လက်ကာ ရွှေရောင်ကောင်လေး၏အမည်မှာ လီချန်ဖြစ်သည်။

သူတို့စစ်ဆေးသောအခါ သူတို့သည် လက်များကိုင်ထားကာ သူတို့၏မျက်လုံးများမှာ အကြည်ဆိုက်နေကြသည်။ တစ်ချက်ကြည့်လိုက်ခြင်းဖြင့် သူတို့မှာ ချစ်ကျွမ်းဝင်နေကြသောလူငယ်စုံတွဲဖြစ်သည်ကို ဖော်ပြသည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးWhere stories live. Discover now