Unicode
အခန်း - (၃၃)
လီချန်ရဲ့ ခန္ဓာကိုယ်မှာ ဘာကြောင့် အယ်လ်ဖာရဲ့ ဖယ်ရိုမုန်းနံ့ ရှိနေတာလဲ။
ယိုယိုသည် လိမ္မော်သီး အသေးငါးလုံး၊ အာလူးကြော်တစ်ထုပ်၊ ကုတ်စ် ပုလင်းတစ်ဝက်နှင့် ကိတ်မုန့် တစ်ထုပ်၏ သုံးပုံနှစ်ပုံကို စားပြီးသော အခါတွင် ပွဲကျင်းပရေး ကော်မတီမှ ကြေညာသူ၏ အသံက ကွင်းထိပ်ရှိ စပီကာများမှ ကြားလိုက်ရသည်။
“အားလုံးပဲ အခုကစပြီး နေရာယူကြပါ၊ မကြာခင်မှာ ပြိုင်ပွဲက စတင်တော့မယ်။ ကျေးဇူးပြုပြီး မင်းတို့ရဲ့ မိုဘိုင်းဖုန်းများကို အသံပိတ်ထားပြီး ဓာတ်ပုံရိုက်နေရင် ဖလက်ရှ်မီးကို ပိတ်ထားပေးကြပါ။ ပြိုင်ပွဲချိန်မှာ ထိုင်ခုံပေါ်မှာပဲ ထိုင်နေကြပါ၊ ဆူဆူညံညံအားမပေးကြပါနဲ့ အားလုံးပဲ ယဉ်ကျေးတဲ့ ပုံစံနဲ့ပဲ ပြိုင် ပွဲတွေကို ကြည့်ကြရအောင်ပါ။ ဂုဏ်သရေရှိတဲ့ လူကြီးမင်းတို့အားလုံးကို ပြိုင်ပွဲက ကြိုဆိုပါတယ်”ပွဲအကြို ကြေငြာချက်များကို တရုတ်နှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ကွင်းကျယ်ကြီးထဲတွင် ကွင်းလုံးကြီးဖြင့် ကစားခဲ့ပါသည်။
ကြေညာချက်အပြီးတွင် ရီဟန်က မတ်တပ်ရပ်ပြီး ရေကူးကန်ဘက်ကို ငေးကြည့်နေခြင်းကို မလုပ်နိုင်တော့ပေ။ ခရိုင်ရေကူးကန်သည် ဒေသတွင်းတွင် လူသိများသော ပရော်ဖက်ရှင်နယ်ပြိုင်ပွဲ ကျင်းပရာ နေရာဖြစ်ပြီး ပြိုင်ပွဲများစွာကို လက်ခံ ကျင်းပပေးခဲ့ပါသည်။ ပင်မ အားကစားကွင်းတွင် ရေကူးကန် နှစ်ကန်ရှိပြီး တစ်ခုမှာ ရေစမ်းသပ်ရန် အမျိုးသမီး အားကစားသမားအနည်းငယ်သာ ကျန်ရှိတော့သည့် သွေးပူလေ့ကျင့်ရေးကန်သာ ဖြစ်ပြီး ကျန်တစ်ခုမှာ မီတာ ၅၀ အရှည်ရှိ ရေကူးကန်တစ်ခု ဖြစ်သည်။
ယခုအချိန်တွင် ရေကူးကန်ရှည်ကြီး တစ်ဝိုက်တွင် မသက်ဆိုင်သော လူများ အားလုံး ကွင်းပြင်မှ ထွက်ခွာသွားကြပြီး ဒိုင်လူကြီးနှင့် လက်ထောက် ဒိုင်များသာ ရေကူးကန်၏ လမ်းကြောင်းအားလုံးတွင် ရပ်ကာ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေပါသည်။
ပြိုင်ပွဲက နောက်ဆုံးတော့ စတင်တော့မည်။
ဝန်ထမ်းများမှ ကြေငြာပြီးနောက် မီတာ ၅၀ အမျိုးသား အလွတ်တမ်း ဖိုင်နယ် ပြိုင်ပွဲဝင်များသည် မိုးလုံလေလုံ အားကစားကွင်း နေရာမှ ထွက်ကာ ပရိသတ်များ၏ လက်ခုပ်သြဘာပေးသည့် စင်မြင့်ဆီသို့ လျှောက်သွားခဲ့ကြသည်။
![](https://img.wattpad.com/cover/332326363-288-k557519.jpg)