Unicode
အခန်း - (၁၈) ဘယ်လိုခံစားရလဲ။
လီချန်သည် ‘တစ်ခဏတာ လူငယ်အချစ်’ ဟူသော စကားကို ကြားသော်လည်း အလေးအနက်ထားရန် မရည်ရွယ်ထားပေ။
သူနှင့် ချိန်းတွေ့ဖို့ သူက တကယ်ပဲ စိတ်မဝင်စားပါဘူး။ သူ့အတွက်ကတော့ ဂိမ်းတွေက ပျော်စရာ မကောင်းသလို ရန်ပွဲတွေကတောင် စိတ်လှုပ်ရှားစရာ မရှိပါဘူး။ သူ့ကဲ့သို့ ကျောင်း အာဏာရှင် တစ်ယောက်အတွက် ချိန်းတွေ့တာက ဘယ်လိုလုပ် စိတ်ဝင်စားဖို့ ကောင်းမှာလဲ။
သို့သော်လည်း ပြဿနာမှာ သူ့ကို အမှတ် အသားပေးဖို့ နှစ်သက်သည့် အယ်လ်ဖာကို ရှာမတွေ့ပါက နည်းပြဝူနှင့် သူ့ဇနီး ရွေးချယ် ‘စီစဉ်ထားသော လက်တွဲဖော်’ ကိုသာ လက်ခံဖို့သာ ရှိတော့ပါသည်။ သူတို့သည် ဤအခက်အခဲကို ဖြတ်ကျော်နိုင်ရန် ဘွဲ့ရပြီးသော စီနီယာများ ထံမှ သင့်လျော်သော အယ်လ်ဖာ တစ်ဦးကို ရှာဖွေရန် စီစဉ်ခဲ့ကြသည်။
” မင်းသိတဲ့ အသိတွေထဲက မင်း အရင်ရှာကြည့်သင့်တယ် ” နည်းပြဝူက ” မင်းရဲ့ ရေကူးအသင်းက စီနီယာတွေဆီကနေ အယ်လ်ဖာကို အလွယ် တကူရှာလို့ရပေမယ့် လူတွေကိုတော့ ချေးမများစေချင်ဘူး ”
လီချန် ” ခဏနေပါအုံး ငါ့ကို နှစ်သက်ဖို့အတွက် ငါကိုယ်တိုင်ရှာရတာက နည်းနည်းတော့ Role မကျဘူးလား၊ သူတို့က ဘာလို့ ငါ့ကို မနှစ်သက်ရမှာလဲ၊က ငါ အိုမီဂါပဲလေ အဆင် ပြေတယ် မဟုတ်ဘူးလား ”
နည်းပြဝူက ” ဒါပေမယ့် မင်းက လီချန်လေ ”
ဒါက နည်းနည်းတော့ ကျိုးကြောင်း ဆီလျော်ပုံရတယ်။ ဟုတ်လေ။ သူက ကျောင်းအာဏာရှင် လီချန်ပဲလေ။ ဟင်းဟင်း။
လီချန်၏ အိုမီဂါ ဖယ်ရိုမုန်းအနံ့များ၏ ရနံ့သည် သူ့ပတ်ဝန်းကျင်ရှိ လူများကို မထိခိုက်စေရန် ဒေါက်တာ ဝမ်က လီချန်အား တားဆီးခြင်းပစ္စည်းဖြင့် ဖာထေးပေးထားသည်။ ရာသီစက်ဝန်းရောက်လာသည်နှင့် ၎င်းတို့၏ ဂလင်းများပေါ်တွင် inhibitor patch ကို ကပ်ထားရန်သာ လိုအပ်သည်။ (Inhibitor Patch ဆိုတာက အိုမီဂါရဲ့ ရာသီစက်ဝန်းလာတဲ့ နေရာမှာ ရာသီပေါ်နေပေမဲ့ ကပ်ထားရင် ၎င်းတို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက omega ရဲ့ ရာသီ အနံ့ကို မခံနိုင်တော့ပါဘူး၊ သူက လည်ပင်းအနောက်မှာ ကပ်ရတာပါ။ ဒီတိုင်း ပလာစတာလို ပုံစံမျိုးပါ။ )
![](https://img.wattpad.com/cover/332326363-288-k557519.jpg)