အခန်း ၇၅

762 98 1
                                    

75 01

Ch75 - ရှောင်ရီဟန်သည် သူအနည်းငယ် စိတ်ရှုပ်သွားသည်ဟု ခံစားမိခဲ့သည်

လေ့ကျင့်ရေးစခန်း၏ရည်ရွယ်ချက်မှာ ပြည်နယ်များအားလုံးမှ အသက်၁၈နှစ်အောက် ချန်ပီယံကစားသမားများအား စုဆောင်းကာ နိုင်ငံတကာလူငယ်ကစားပွဲများတွင် ပါဝင်ရန် "အိပ်မက်အသင်း"တစ်ခုပေါ်ပေါက်လာရန် သူတို့ကြား ထိပ်တန်းကစားသမားများအား ရွေးချယ်ခြင်းဖြစ်သည်။ လီချန်နှင့် ကျိုးကျန်တို့မှာ ဖရီးစတိုင်ရေကူးသမားများဖြစ်သော်လည်း ယှဉ်ပြိုင်နိုင်သည့် ဆက်ဆံရေးမျိုးမဟုတ်သည့် တစ်ယောက်မှာ တာတိုဖြစ်ပြီး အခြားတစ်ယောက်မှာ တာရှည်ဖြစ်သည်။

ကျိုးကျန်သည် သူ၏စိတ်ဆန္ဒကို အရင်ဖော်ပြကာ လီချန်အားပြောလိုက်သည်။ "ငါမင်းနဲ့တွေ့ချင်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီ"

လီချန်သည် ထူးဆန်းစွာ ရှက်သွားခဲ့သည်။ "တကယ်လား။ တောင်းပန်ပါတယ် ဒါပေမယ့် ငါမင်းရဲ့နာမည်ကို ပထမဆုံးကြားဖူးတာပဲ"

လီချန်သည် ကျိုးကျန်လက်ကမ်းလိုက်သည်ကိုတွေ့ကာ သူ၏လက်အားအမြန်ဆန့်ထုတ်လိုက်သည်။ သူတို့၏လက်ဖဝါးများ လက်ဆွဲနှုတ်ဆက်မှုကြောင့် ထပ်သွားခဲ့သည်။

လေယာဉ်ထဲမှ လူအများစုမှာ ဆင်းသွားပြီးဖြစ်ကာ လေယာဉ်မယ်မှာ သူတို့အား တတ်နိုင်သမျှမြန်မြန်ဆင်းပေးရန် တိုက်တွန်းနေခဲ့သည်။ နည်းပြဝူသည် သူ၏အိတ်ကလေးကိုမကာ လူငယ်နှစ်ယောက်အား ထွက်ခွာရန် တွန်းအားပေးခဲ့သည်။

လီချန်သည်မြောက်အရပ်မှ ဆောင်းရာသီအကြောင်း လုံးဝမသိခဲ့ပေ။ သူသည် လေယာဉ်အပြင်ဘက်သို့ နီးကပ်လာသည်နှင့် လေယာဉ်အပြင်ဘက်မှ လေတိုက်ခတ်သံကို ကြားနေရသည်။

‌လီချန်သည် ခပ်ကြောင်ကြောင်မေးလိုက်သည်။ "အပြင်မှာ တစ်ယောက်ယောက်များ လေချွန်နေတာလား"

"အို မဟုတ်ပါဘူး" သူ့အနောက်မှ ‌လမ်းလျှောက်နေသော အယ်လ်ဖာမှာ အပြုံးနှင့်ရှင်းပြလိုက်သည်။ "ဒါက လေသံလေ"

"...လေသံတဲ့လား"

လီချန်သည် လေယာဉ်တံခါးဝသို့ လှမ်းလိုက်ကာ နှင်းများသယ်လာသော မြောက်လေတဝီဝီမှာ သူ့အားရိုက်သွားသည်။ သူပါးစပ်မှ ရှူထုတ်လိုက်သောလေမှာ လေထဲတွင် အဖြူရောင်မြူမှုန်တိမ်စိုင်အဖြစ် ပြောင်းသွားကာ တစ်ချိန်တည်း၌ ဧည့်ဝတ်ကျေသောမြောက်လေမှာ ၎င်း၏ခင်မင်ရင်းနှီးမှုကိုပြသရန် လေအေးဖြင့် ပြည့်သွားခဲ့သည်။

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးOnde histórias criam vida. Descubra agora