Description

20.9K 624 15
                                    

(စွဲညို့Team ကနေ ထပ်ရွေးထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်)

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေး

မူရင်းနာမည် - This Omega is Sweet and Wild

မူရင်းစာရေးသူ - Mo Li

အပိုင်းရေ - 107 Chapter + 15 Extra

ဘာသာပြန်သူ - Swae Nyoe Team

ဇာတ်လမ်းအကျဉ်း

လီချန်က အယ်လ်ဖာနဲ့တူတဲ့ အိုမီဂါတစ်ဦး ဖြစ်ပြီး‌တော့ ရေကူးရာတွင် ပြိုင်ဘက်ကင်းတဲ့ ဘီတာညီအစ်ကိုများ၈၀% ရှိသော ကျောင်းအာဏာရှင်တစ်ဦး ဖြစ်တယ်။

ရှောင်ရီဟန်က ကျောင်းမှာ စာတော်ပြီး လိမ္မာတဲ့ ပထမအဆင့် ကျောင်းသားတစ်ယောက် ဖြစ်တယ်။

တစ်ရက်မှာ လီချန်က ကြေညာလိုက်တယ်။ “ကျောင်းမှာ နံပါတ်တစ်အမျိုးသားအယ်လ်ဖာ ရှောင်ရီဟန်ကို အရယူဖို့ ဆုံးဖြတ်လိုက်ပြီ”
“ရှောင်ရီဟန်က ချောမောထက်မြက်ပြီးတော့ အရပ်မြင့်တယ်။ ခြေတံရှည်တွေ ရှိပြီးတော့ တောင့်တင်းတယ်။ ပြင်းထန်တဲ့ xx စွမ်းရည်ကိုလည်း တစ်ချက် ကြည့်ရုံနဲ့ မြင်နိုင်တယ်။ ဒီလိုလူမျိုးကသာ ငါနဲ့ထိုက်တန်တယ်”

ခြေတံရှည်ပြီး အရပ်မြင့်ပြီး xxစွမ်းရည် ပြည့်ဝနေသော ရှောင်ရီဟန် “…”

လီချန်က သူ့စိတ်ပိုင်းဖြတ်ထားမှုကို ပြသဖို့အတွက် မနက်တိုင်း အချစ်တွေနဲ့ပြည့်နေတဲ့ မနက်စာပေးမယ်လို့ ကြေညာခဲ့တယ်။
နောက်နေ့မှာ လီချန်က ဂိမ်းဆော့လွန်ပြီး မထနိုင်ခဲ့ဘူး။
တတိယရက်မှာ တခြားသူတွေနဲ့ ညလုံးပေါက် ကနေခဲ့ပြီးတော့ မထနိုင်ခဲ့ဘူး။
စတုတ္ထရက်မှာလည်း လီချန်က ဘေးကျောင်းက လူတွေနဲ့ရန်ဖြစ်ပြီးတော့ မထနိုင်ခဲ့ပြန်ဘူး။
ဒီလိုနဲ့ ပဥ္စမရက်.. ဆဌမရက်.. သတ္တမရက်..

လီချန်က အမျိုးသားနတ်ဘုရားအား အရယူဖို့ အစီအစဉ်ကို မေ့လျော့သွားသောအခါတွင် ရှောင်ရီဟန်က လီချန် ရေကူးလေ့ကျင့်ခန်းမလုပ်မီ လော့ကာခန်းကို လက်နဲ့ထောက်ပြီးတော့ တားလိုက်တယ်။

“ရှောင်.. ရှောင်ရီဟန်.. မ.. မင်း ဒီလောင်ဇီနဲ့ ဘာလုပ်ချင်တာလဲ”

ချိုမြိန်ပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အိုမီဂါလေးTempat cerita menjadi hidup. Temukan sekarang