107 01
Ch107 - နိဂုံး
နှစ်သစ်၏ပထမနေ့တွင် လီချန်နှင့် ရှောင်ရီဟန်တို့သည် ကုတင်ပေါ် တစ်နေ့လုံး ဖြတ်သန်းခဲ့သည်။
နှစ်သစ်၏ဒုတိယနေ့တွင် လီချန်နှင့် ရှောင်ရီဟန်တို့သည် ရေချိုးကန်ထဲ တစ်နေ့လုံး ဖြတ်သန်းခဲ့သည်။
နှစ်သစ်၏တတိယနေ့တွင် လီချန်နှင့် ရှောင်ရီဟန်တို့သည် ပြင်သစ်ပြတင်းပေါက်များရှေ့ တစ်နေ့လုံး ဖြတ်သန်းခဲ့သည်။
နှစ်သစ်၏စတုတ္ထနေ့တွင်...
လီချန်သည် ရှောင်ရီဟန်အား ခြေလက်လေးဖက်နှင့် ကန်ကာ ထိုးလိုက်သည်။ "မင်း သားရဲကောင်"
ရှောင်ရီဟန်သည် သူ့ခါးကိုလှမ်းဆွဲကာ ခေါင်းအုံးများနှင့်စောင်များဖြင့် ပြုလုပ်ထားသော အသိုက်မြုံဆီသို့ ပြန်ဆွဲလာခဲ့သည်။ "ကောင်းကောင်းနေ။ သားရဲကောင်ကမင်းကိုချစ်တယ်"
... ...
လီချန်၏estrusကာလမှာ လွန်စွာပြင်းထန်သည်။ လူကြီးအဆင့်ရောက်သွားခြင်းသည် အိုမီဂါအတွက် သူသည်ယခင်က တားဆေးများသုံးခဲ့သည့် အချက်ပါပေါင်းထည့်လိုက်လျှင် အလွန်အန္တရာယ်များသည်... အခြေအနေနှစ်ခုမှာ ပေါင်းစုသွားပြီး လီချန်အား ရင့်မှည့်ကာချိုမြိန်ပြီးအရည်များ၍ စေးကပ်ပြီးနူးညံ့ကာ ကြွယ်ဝကာ အရည်ရွှမ်းသော လိမ္မော်သီးအဖြစ် ပြောင်းသွားစေသည်။
ရှောင်ရီဟန်သည် သူလီချန်အား အရသာမခံဘူးမချင်း အချိုများကို မကြိုက်ဟု ယခင်ကပြောဆိုခဲ့သည်။ သူသည်အချိုကြိုက်သောကြောင့် မဟုတ်ဘဲ လီချန်၏ချိုမြိန်မှုကို ကြိုက်သောကြောင့်သာဖြစ်သည်ကို သူနားလည်ခဲ့သည်။
နှစ်ယောက်သားမှာ ထာဝရအမှတ်ကို ပြီးမြောက်သွားသောကြောင့် သူတို့သည် အချင်းချင်း၏ဖယ်ရိုမုန်းများကို အလွန်စိတ်လှုပ်ရှားနေကြသည်။ လိမ္မော်သီးချိုချိုနှင့် အေးမြသောထင်းရှူးမွှေးပင်၏ ရနံ့များ ရောနှောနေသည်။ အခြားသူ၏ရနံ့မှာ နောက်ပိုင်းတွင် သူတို့၏ခန္ဓာကိုယ်ထဲသို့ နေ့တိုင်းသယ်ဆောင်ခြင်းခံရလိမ့်မည်။