Unicode
အခန်း - (၆) ဘယ်သူ အရင်လာမှာလဲ။
ဒါက တကယ့်ကို လေးလေးနက်နက် အံ့သြစရာပါပဲ။ ရှောင်ရီဟန်သည် တစ်ချိန်က သူ့အား မည်သူကမျှ သူ့နှလုံးသားကို ခဏ မေ့ ပျောက်သွားအောင် မလုပ်နိုင်ဟု ထင်ခဲ့ဖူးသော်လည်း မကြာသေးမီက သူ့ရင်ခွင်ထဲတွင် လဲကျသွားသော ကောင်လေးက သူ့ကမ္ဘာကြီးကို လှုပ်ခါသွားလောက်အောင်ပင် ဖြစ်စေခဲ့သည်။
သည်အချိန်မှာ နေရောင်ခြည်က ပျောက်ကွယ်သွားသည်။ အမှောင်လမ်းကြားတွင် သူတို့၏ ခန္ဓာကိုယ်များသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ရှိနေသည်။ တစ်ယောက်နှင့်တစ်ယောက် ခန္ဓာကိုယ်မှ နွေးထွေးမှုကို ရှင်းရှင်းလင်းလင်း ခံစားရပြီး သူတို့၏ ပူပြင်းသည့် အသက်ရှုသံတွေက တစ်ဖက်လူ၏ ပါးပြင်ပေါ်ကို ဖြန်းခနဲ ထိုးကျသွားလေ၏။
ကောင်လေး ခုန်ချလိုက်သည့် အရှိန်ကြောင့် ရှောင်ရီဟန်ကို သတိနှင့် ဖမ်းမိပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားသည်။
ဆံပင်ရွှေရောင်နှင့်ကောင်လေးက သူတို့မြေပြင်ပေါ်ပြုတ်ကျသွားလိမ့်မည်ဟု ထင်ထားသည့်အတွက် သူ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့လက်တွေက ရှောင်ရီဟန်၏ ပခုံးတွေကို တုံ့ပြန်မှု မရှိဘဲ ဆုပ်ကိုင်ထားလိုက်သည်။
“ ဟေး မင်းက အယ်လ်ဖာ မဟုတ်ဘူးလား။ ဒီ လောင်ဇီကို အခက်အခဲမရှိဘဲ ခေါ် သွားပါ။ နေပါအုံး မင်းက ရှောင်ရီဟန်လား ”
ရီဟန်၏ လက်များမှ ချက်ခြင်း လွှတ်လိုက်သောကြောင့် သူ တုန်လှုပ်သွားပုံ ရသည်။
သူ့ခြေဖဝါးက မြေပေါ့ကို သွက်သွက်လက်လက် နင်းလိုက်သည်။ ရှောင်ရီဟန်က သူ့ရင်ခွင်ထဲက နွေးထွေးမှုတွေ ပျောက်ကွယ်မသွားခင်မှာ တုံ့ပြန်ဖို့ အချိန်တောင် မရှိခဲ့ပါဘူး။
ရှောင်ရီဟန်က သူ့လက်ကို ထောက်ချင်တာကြောင့် ဖြစ်နိုင်ပေမယ့် ကောင်လေးက အရမ်းသွက်လက်တာကြောင့် ဆင်းသက်ပြီး မကြာခင်မှာပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ ရှောင်ရီဟန်၏ ဆန့်တန်းထားသောလက်သည် လေထဲ၌ပင် ရပ်တန့်သွားပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပြန်ဆွဲထုတ်လိုက်သည်။ အခု ကောင်းကင်ကြီးက လုံးဝကို မည်းမှောင်နေပါပြီ။
