72 01
Ch 72: ငါကကလေးတစ်ယောက်အနေနဲ့ အဖေမရှိတာကြောင့် ငါအခုတစ်စုံတစ်ယောက်ရဲ့ အဖေဖြစ်ချင်တယ်
ရှောင်ရီဟန်သည် လီချန်၏လက်ထဲမှ စိတ်ကူးယဉ်ဝတ္ထုအား သိမ်းယူချင်ခဲ့သည်။ သေချာသည်မှာ လီချန်သည် သူ့အားခွင့်ပြုမည်မဟုတ်ပေ။ သူသည် သူ၏အနောက်တွင်ရှိသောဝတ္ထုကို တမင်ဖွက်လိုက်ကာ သူ၏လက်များအား ရှေ့နှင့်နောက်ဂါထာရွတ်နေသကဲ့သို့ လှည့်နေပြီး ကလေးဆန်ဆန်ပြောလိုက်သည်။ "ကြည့်စမ်း။ ဝတ္ထုပျောက်သွားပြီ"
ရှောင်ရီဟန်သည် ပုံကြမ်းစာအုပ်ကိုချကာ ထိုအရာအား ယူရန် မတ်တပ်ရပ်လိုက်သည်။ သူတို့ရုန်းရင်းဆန်ခတ် ဖြစ်သောကြောင့် ခြေလိမ်သွားကာ ဆိုဖာပေါ် ရောက်သွားခဲ့သည်။
ဆိုဖာမှာ အနည်းငယ် ကျပ်နေခဲ့သည်။ အရပ်ရှည်ကာ ခြေတံရှည်လူငယ်နှစ်ယောက်မှာ အချင်းချင်း တိုက်မိကာ ခန္ဓာကိုယ်များနှင့် ခြေထောက်များ လိမ်ခေါက်ထားကြပြီး သူတို့၏မျက်လုံးများ ဆုံကြသောအခါ မိုးကြိုးသဖွယ် နှလုံးခုန်သံများ စုဆုံနေကြသည်။ အချိန်အတော်ကြာ မည်သူမျှ မလှုပ်ရှားခဲ့ပေ။
ရှောင်ရီဟန်သည် သူ့အောက်တွင် ပိနေသော ကောင်လေးအား ကြည့်လိုက်သည်။ သူ၏အကြည့်မှာ မီးတောက်သဖွယ် ဖြစ်နေကာ သူ၏မျက်လုံးအိမ်အနက်မှာ အာကာသထဲမှ တိမ်စိုင်ကြီးများကဲ့သို့ တောက်ပနေခဲ့သည်။
လီချန်၏ဝိညာဉ်မှာ ထိုအကြည့်ကြောင့် ညှို့ယူခံရပုံပေါ်သည်။ အချိန်အတော်ကြာ သူ၏ပါးစပ်မှ "အိုး"ဟု ဝိုးတဝါးအသံပြုကာ ဖုံးကွယ်ရန် ကြိုးစားရင်း သူ၏မျက်လုံးများမှာ ဝေ့ဝဲနေခဲ့သည်။
သူ၏သွယ်လျသော လည်ပင်းမှာ အယ်လ်ဖာ၏အမြင်တွင် ထင်ရှားနေသည်။ ချွေးတစ်စက်မှာ ရှောင်ရီဟန်အား လက်ဆန့်ကာ သူ၏လက်ချောင်းထိပ်များနှင့် အရေပြားအား ထိမိအောင်ပြုလုပ်ပေးသော ရွှေရောင်ကောင်လေး၏ လည်ပင်းနောက်ကျောပေါ်ကျသွားခဲ့သည်။
ဆယ်ကျော်သက်ကောင်လေးများအတွက် စနောက်ကာ လျစ်လျူရှုရန်လွယ်ကူသည်။ ရှောင်ရီဟန်သူ့အားအနည်းငယ်စလိုက်သည့် အခိုက်အတန့်တွင် လီချန်သည် သူ၏ခြေထောက်များအား အလိုလိုကွေးလိုက်ကာ သူ၏ပေါင်ခြံကြားမှ နိုးထနေသည့်နေရာအား ဖုံးကွယ်ရန်ကြိုးစားနေခဲ့သည်။
![](https://img.wattpad.com/cover/332326363-288-k557519.jpg)