Unicode
အခန်း - (၂၁) ငြိမ်ငြိမ်မနေရင် ငါနမ်းမယ်။ထိုကျောင်းဂျာကင်သည် သာမန် ဂျာကင်အင်္ကျီနှင့်တူသည်။ နေလှန်းထားပြီး ဖြစ်၍ နေရောင်ခြည်နှင့် ဆပ်ပြာနံ့များကြောင့် ပျော့ပျောင်းသော အထည်များသည် အစက် အပြောက် ကင်းစင်ပြီး သန့်ရှင်းနေပါသည်။
လီချန်၏ အခန်းသည် ကြက်လှောင်အိမ်ကဲ့သို့ ရှုပ်ထွေးနေပြီး ဤအင်္ကျီကို အဝတ်စင်ပေါ်တွင် ဂရုတစိုက် ချိတ်ဆွဲ၍ ထားသည်။
ဂျာကင်မှာ တွန့်ရာ တစ်ချက်တောင်မှ မရှိပါဘူး။ အင်္ကျီကို လှန်လိုက်လျှင် အဝတ် တံဆိပ်ပေါ်တွင် ရေးထိုးထားသော နာမည်တစ်ခုကို တွေ့နိုင်သည်။ ဒါက ရှောင်ရီဟန်၏ ကိုယ်ပိုင် အင်္ကျီပါပဲ။ ရီဟန်သည် လမ်းကြားထဲတွင် လီချန်အား ဤအင်္ကျီကို ငှားလိုက်သည်။
လီချန်က လျှော်ဖွတ် ပြီးနောက် အဆောင်ထဲတွင် ထားခဲ့လျှင် အခန်းဖော်များက အင်္ကျီကို မြင်မည်ကို စိုးရိမ်သဖြင့် ရေကူးအဖွဲ့၏ လော့ကာခန်းထဲသို့ ခိုးဝင်ကာ ထားခဲ့သည်။
သူဘာတွေ တွေးနေလဲဆိုတာ အတိအကျမသိပေမယ့် သည်အင်္ကျီကို တကယ် မဆုံးရှုံးချင်သကဲ့သို့ ရီဟန်ကိုလည်း ပြန်မပေး ချင်ပါဘူး။
ဘွဲ့ရသည်အထိ သည်လျှို့ဝှက်ချက် လေးကို ဖုံးကွယ်ထားနိုင်မယ်လို့ သူထင်ခဲ့တာပါ။ ထိုအချိန်တွင်၊ ရီဟန်၏ အမည်ရှိသော ကျောင်းဂျာကင်အင်္ကျီသည် အခြားအဝတ်အစားများနှင့် မတူနိုင်တော့ပေ။
သို့သော် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခုကြောင့် သူဖုံးကွယ်ရန် ကြိုးစားခဲ့သော ဤလျှို့ဝှက်ချက်ကို ရှောင်ရီဟန် ကိုယ်တိုင်က ရှာဖွေ တွေ့ရှိခဲ့သည်။
ရီဟန်က သူ့ရှေ့က ဆံပင် ရွှေရောင်နှင့် ကောင်လေးကို ငုံ့ကြည့်နေသည်။ သူအရမ်းကို စိတ်ရှုပ်နေ၏။ သူ့မျက်တောင်များ တလှုပ်လှုပ်နှင့် နက်မှောင်နေသော မျက်လုံးများက ထိတ်လန့်စွာပြူးကျယ် သွားသည်။ သူကြုံတွေ့နေရသော အဆင်မပြေသော အခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းကို တွေးဆရမည်။ ကျိန်ဆဲသော စကားလုံးများကို ထုတ်ပယ်နိုင်ပြီး အခြေ အမြစ် မရှိသော စွပ်စွဲမှုများကို ပြုလုပ်နိုင်သည် သို့မဟုတ် ၎င်းကို မသိကြောင်း တမင်တကာ လိမ်ညာ ပြောဆိုနိုင်သည်။