1

2.9K 100 3
                                    

[U]

ဝါညိုရောင်ဘောင်ကွပ်ထားသည့် ပြတင်းတံခါးလေးက လှစ်ဟလျက်ရှိနေတော့...
လေပြေတစ်ချက်ဝှေ့လာတိုင်း ခန်းဆီးလိုက်ကာလေးကတလွှင့်လွှင့်...။

လေပြေလေညှင်း တအေးအေးအပြင် နေရောင်ခြည်နွေးနွေးကပါထပ်စောင်းဝင်‌လာတော့ အခန်းထောင့်တစ်နေရာက ခုတင်ပေါ်မှာလဲလျောင်းအိပ်စက်နေသည့် နုနုဖက်ဖက်မျက်နှာလေးနှင့် ကောင်လေးမှာရှုံ့မဲ့မဲ့ဖြင့်...။

မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်ဖြင့် ပျင်းကြောဆွဲကာဖွင့်လိုက်တော့..မျက်နှာကြက်ဖြူဖြူက ကြိုဆိုလို့နေသည်...။

အိပ်ချင်စိတ်ကမပျယ်သေးတော့..."ဝှါး" ခနဲတစ်ချက်သန်းလိုက်ရင်း ခုတင်ပေါ်တွင်လဲနေရာမှ ထထိုင်လိုက်သည်...။

"အင်း~~ဝှါး"

"ဝှါး"ခနဲတစ်ချက်သန်းလိုက်ပြီးမကြာလိုက် အောက်ထပ်ကမာတာမိခင်ကြီး၏ ကက်ဆက်အဟောင်းကြီးထွက်ပေါ်လာပြန်သည်...။

"ကင်မ်ထယ်ယောင်း! နိုးရင်လည်းထတော့ ကျောင်းသွားရဦးမယ်လေ အပျင်းကြီးမနေနဲ့ နင်ထမလာရင် ငါ ယောင်းမနဲ့လာခေါက်မှာနော်"

ကျွန်‌တော့်၏မာတာမိခင်မေမေမှာအပိုပြောတတ်သူမဟုတ်...။

အိပ်ချင်မူးတူးဖြင့်ခုတင်ပေါ်မှာထိုင်နေရာကနေ အလျင်အမြန်ပြန်ပြီးအဖြေပေးရသည်..။

"ဟုတ်..ဟုတ် မေမေသားထ..ထပါပြီ မေမေ"

"အေး ထရင်လည်း မျက်နှာသစ်ပြီးမြန်မြန်ဆင်းခဲ့"

"ဟုတ်.. မေမေ"

အိပ်ချင်စိတ်မပျယ်သေးတဲ့မျက်လုံးတွေကြောင့် ပါးတစ်ဖက်ကိုခပ်ဆက်ဆက်လေးရိုက်လိုက်ကာ ရေချိုးခန်းထဲသို့ပြေးရတော့သည်...။

ရေချိုးခန်းထဲမှာရေချိုးသန့်စင်ပြီးသွားတော့လည်းအောက်ထပ်ကိုအပြေးအလွှားဆင်းပြေးရပြန်သည်...။

မေမေကထမင်းစားချိန်နောက်ကျတာကိုလည်းမကြိုက်..ဖေဖေ့ထက်ပင်စည်းကမ်းကြီးလွန်းသူ။
...
...
အောက်ထပ်သို့ရောက်တော့ထမင်းစားခန်းထဲသို့ဝင်ကာ အသင့်ပြင်ထားသောထမင်းဝိုင်းလေးမှာဝင်ထိုင်လိုက်သည်။
သို့သော် ထမင်းစားရမှာတောင်ခပ်လန့်လန့်ရယ်ပါ မေမေကဒီနေ့အထက်တန်းနောက်ဆုံးနှစ်စတတ်ရမဲ့ကျွန်‌တော့်ကိုမှာတမ်းတွေခြွေနေဦးမည်ကိုမြင်ယောင်မိနေသောကြောင့်သာ။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now