19

772 52 2
                                    

[U]

(A/n:ဆူးက Lawအကြောင်းတွေသိပ်ပြီးနားမလည်ပါဘူး အဲဒါကြောင့်ဒီအပိုင်းမှာအမှားတစ်စုံတစ်ရာပါသွားခဲ့ရင် ကြိုတင်ပြီးတောင်းပန်ထားပါရစေ.. စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်ကြောင့် လက်တွေ့လောက ကအကြောင်းအရာနှင့်သက်ဆိုင်မှုမရှိခဲ့လျှင်လည်းနားလည်ပေးကြပါဦးရှင်)

တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ကြီးစိုးနေသောတရားခွင်..အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်နေသည်။ သို့သော်မည်သူသိမတုန်း..အကြည့်ချင်းစစ်ထိုးလို့ အတ္တတွေမာနတွေချစ်ခြင်းမေတ္တာ‌‌တွေ အမုန်းတရား‌တွေ အာဃာတတရားတွေပြိုင်နေကြသည်ကိုပေါ့..!

မပြီးဆုံးနိုင်သေးသည့် တရားခွင်ကဘယ်အချိန်ထိများဆက်ပြီးကြာနေဦးမှာလဲ..မနက်9နာရီမထိုးခင်ကစခဲ့သောတရားခွင် နာရီလက်တံက2:25သို့ပြနေသည့်တိုင်မပြီးဆုံးသေးပါ..။
စောင့်ခဲ့ပြီးပြီ 2နှစ်ကျော်ကြာသည်အထိ။ နောက်ထပ်နာရီပေါင်းအနည်းအကျဥ်းက‌တော့အေးအေးဆေးဆေးစောင့်နိုင်သည်..အကယ်၍ဒါဟာ နောက်ဆုံး အဆုံးသတ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့..။

ကွင်းပြင်ကျယ်ကြီးတစ်ခုမှာ ဘောလုံးကစားနေရသည်နှင့်တူသော တရားခွင်..တစ်ဖက်အသင်းဖက်ကိုဘောလုံးရောက်သွားသလို တစ်ဖက်ကရှေ့နေကအသာစီးရသွားလိုက်..သူတို့ဖက်အသင်းကိုဘောလုံးပြန်ရောက်လာသလို သူတို့ဖက်ကရှေ့နေကအားသာသွားလိုက်..အနိုင်အရှုံးမကွဲပြားသေးသည့်ဒီတရားခွင်ထဲဝယ် နေရသည်မှာမွန်းကြပ်မှူတို့ကလည်းအပြည့်ပင်။

အသက်ရှူလို့ပင်မရတော့သည်ထိ မွန်းကြပ်ခြင်းတို့ကလည်မြိုထိရစ်ပတ်လို့နေသည်။ မမြင်ချင်တော့သည်မျက်နှာကြီးကိုလည်းထိုင်ကြည့်နေရသည်ကြောင့်ပိုပြီးမွန်းကြပ်လာသည်ထင်ပါ့။
ယခုထက်တိုင်မာန်မချနိုင်သည့် မာမီ့၏မျက်နှာက အကြောခပ်တင်းတင်းရယ်။ တရားခံဆို‌သောနေရာတွင် အနီရဲရဲနှင့် ကျောက်ရောင်တလက်လက်ထနေသောဝတ်ဆုံ၊ လိမ္မော်‌ရောင်ဘက်သွားသော နှုတ်ခမ်းနီ၊ ဖြူစွတ်နေသည့်ပုလဲတန်းသွယ်လည်ဆွဲ၊ နားပြတ်ကျလုလုပုလဲနားဆွဲခပ်ကြီးကြီးရှည်ရှည်နှင့် မထီတထီဟန်ဖြင့်ဘယ်သူ့မှဂရုမစိုက်ဟန်မဲ့ပြုံးတစ်ပွင့်၊ ခြေကိုချိတ်လို့လက်ကိုပိုက်ထားသည့်ဟန်၊ မာမီဟာလေဘယ်သောအခါမှပြောင်းလဲသွားမည်မဟုတ်ပါ..။
ငွေနှင့်ပေါက်လို့ ဖိနှိမ်ထားသည့်ဥပဒေ။ မာမီနေရာမှာတစ်ခြားသူသာဆို လိမ္မော်ရောင်ဝမ်းဆက်‌အကျဉ်းသားဝတ်ဆုံကိုဝတ်ထားရလေမလား။ ရတနာအဆောင်အယောင်ကင်းကွာလို့ အပူမီးကိုရင်ဝယ်ပိုက် ဖြူလျလျမျက်နှာထက် သောကတွေဖြင့်စီခြယ်ထားလေမလား။ သေချာတာပေါ့လေ။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now