[U]
ဝေနေအောင်ပွင့်နေကြတဲ့ချယ်ရီတွေက မကြာခင်ရောက်ရှိလာတော့မဲ့ဆောင်းဦးကိုကြိုနေသည်ထင်ပါ့။
နွေဦးရဲ့ရနံ့တို့ပျံ့လွှင့်နေတဲ့ချယ်ရီတို့ကအခုတော့ဆောင်းဦးရဲ့ရနံ့နဲ့မွှေးပျံ့နေလေပြီ။
အအေးဓာတ်လေးအနည်းငယ်ပိုကဲလာတဲ့ရာသီဥတုကတော့ ဆောင်းရာသီတောင်ရောက်နေသလိုလို။
ခိုက်ခိုက်တုန်အောင်ချမ်းလာတော့မည့်အခိုက်အတန့်ဆို ချစ်ရသူကိုရင်ခွင်ထဲထွေးပွေ့လို့ကော်ဖီနွေးနွေးလေးတစ်ခွက်ကိုသောက်ကြည့်ချင်ပါ၏။
အရသာကပုံမှန်ထက်ထူးခြားနေမှာတော့အသေအချာပင်။ဟူး..! ကိုယ်နဲ့မင်းရဲ့အနာဂတ်ကို..တွေးကြည့်လိုက်ရင်..ကြည်နူးရမဲ့အစား..ရင်မောမိတယ်ကလေးရယ်..!
မစွန့်လွှတ်နိုင်တာမို့..ပထမဦးဆုံးနှလုံးသားထဲမှာနေရာပေးမိတဲ့သူကိုမစွန့်လွှတ်နိုင်တာမို့..ဘယ်လိုပြဿနာပဲလာလာရင်ဆိုင်ဖို့ဆုံးဖြတ်ထားသည်။
သေချာတာကတော့ဘယ်အရာကမှလွယ်ကူနေမည်မဟုတ်ပါ..။“ဥက္ကဌကြီး...ဆရာကတော်က..တွေ့ခွင့်တောင်းနေပါတယ်..”
10ထပ်မြှောက်ကကိုယ်ပိုင်ရုံးခန်းအတွင်း မှန်တွေရှိရာဖက်ကိုမျက်နှာမူပြီး ကော်ဖီတစ်ခွက်ကိုကိုင်ကာအတွေးများနေတုန်း အတွင်းရေးမှုးဂျန်ဝင်လာပြီးထိုသို့ဆိုသည်။
ဟွမ်ဂျီဟယ်က..ဘာကိစ္စနဲ့..တွေ့ခွင့်တောင်းရတာလဲ..ဘာတွေထပ်ပြီး..ပြောစရာရှိနေရသေးတာလဲ..!“ဝင်ခိုင်းလိုက်လေ..!”
သူကထိုသို့အမိန့်ပေးလိုက်တော့အတွင်းရေးမှုးဂျန်က တစ်ခုခုပြောရခက်သွားဟန်ဖြင့်မော့ကြည့်လာသည်။
“ဘာလဲ..ဘာဖြစ်နေတာလဲ..!”
အသံခပ်မာမာဖြင့်ဟောက်လိုက်မှ...
“ဟို..ဟိုလေ..ဆရာကတော်က..အခုတွေ့ခွင့်တောင်းတာ..မဟုတ်ပါဘူး..ခဏနေကြရင်..သူ့ကိုလာတွေ့ဖို့..ပြောသွားတာပါ..အဲဒီအချိန်မှာscheduleရှိရင်လည်း...ဖျက်ပြစ်ဖို့ပြောသွားပါတယ်..”
အတွင်းရေးမှုးဂျန်မရဲတရဲလေးသာပြောမိသည်။
အခန့်မသင့်လို့တစ်ယောက်ယောက်ကိုစိတ်တိုင်းမကျရင်လည်းသူ့သာအဟောက်ခံရသည်လေ။
YOU ARE READING
ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]
Fanfiction~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)