25

695 47 1
                                    

[U]

“မကြိုက်ဘူး..”

“အဲဒါလည်းမကြိုက်ဘူး”

“ဒါလည်းမကြိုက်ဘူး..”

မင်္ဂလာပွဲအတွက်စီစဉ်ရန် မင်္ဂလာဝတ်စုံအား မည်သို့မည်ပုံချုပ်ရမည်ကို ဒီဇိုင်နာနဲ့လာရောက်ဆွေးနွေးစဉ် သူ့အတွက်ဒီဇိုင်နာပြသော ချုပ်ပုံ မှန်သမျှအား 'ဘူး' တစ်လုံးဆောင်ပြီး အကုန်ငြင်းနေသောမစ္စတာဂျွန်ပင်။ ဒီဇိုင်နာအစ်မမှာလည်း မျက်နှာလေးကဇီးရွက်လောက်သာကျန်တော့သည်။
သူတို့နှင့်ပါ‌လာသော ဟယ်လေးနှင့်သားငယ်လေးမှာလည်း မစ္စတာဂျွန်ကိုမျက်နှာငယ်လေးတွေနှင့်ကြည့်နေကြသည်။
သူတို့စိတ်ထဲလည်း ပြောနေလောက်မှာပါလေ 'ဒယ်ဒီရေ..အိမ်ပြန်ကြပါစို့' ဟု။

“မစ္စတာဂျွန်ရာ..ဘာဖြစ်နေတာလည်း အကုန်လှရဲ့သားနဲ့ တစ်ခုခုရွေးလိုက်ပါတော့၊ ဒီဇိုင်နာအစ်မကိုအားနာစရာရယ်..”

သူကပြောတော့ ဒီဇိုင်နာအစ်မက ဇီးရွက်လောက်မျက်နှာလေးဖြင့်...

“ရတယ်ရယ်မောင်လေး..ရတယ်နော် ရွေးပါစေ”

မချိမဆန့်ခပ်ဟဟရယ်ကာ ပြောလာသည်။ ထို့ကြောင့် သူလည်းမချိပြုံးလေးသာပြုံးပြလိုက်ရသည်။

“ပိစိရယ်..ဒီဇိုင်နာတောင် ဘာမှမပြောဘဲ.. ဘာတွေဖြစ်နေရတာတုန်း၊ ပြီးတော့ဒီဇိုင်းတွေကလှတာဟုတ်တယ်၊ အဲဒါကြောင့်ပဲခက်နေတာလေ”

စိတ်ပျက်လက်ပျက်နှင့် လက်မှိုင်ချပြောနေပုံက ဘယ်လိုတောင်ရူးနှမ်းချက်ပါလိမ့်။ ဘာတွေကသူ့အတွက် စကြာဝဠာကြီးလောက်အနှောင့်အယှက်ဖြစ်စေနေတာလဲ။ အသေးအမွှားလေးကိုလေ။

“မစ္စတာဂျွန်ရယ် လှတာဘာခက်တာလဲ..”

“ဟော..ဒီ ဒီဇိုင်းတွေကသိပ်လှတယ်၊ မင်းကလည်းသိပ်လှတယ်၊ အဲ့တော့အလှအလှချင်းပေါင်းစပ်လိုက်ရင် လက်ထက်ပွဲနေ့ကြ..သူများတွေငမ်းကုန်မှာပေါ့ကွာ..ကိုယ်တော့ခက်ရချည်ရဲ့..ကိုယ်သဝန်တိုတတ်တယ်ပိစိရဲ့..”

အရင်က paly boyဆိုသောဂုဏ်ကိုများပြန်ဖော်နေလေသလား။ သိပ်ကိုစကားတတ်ပါဘိ။ ရယ်ရခက်ငိုရခက်ရယ်ပါ။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Dove le storie prendono vita. Scoprilo ora