17🚨

1.2K 53 2
                                    

[U]

(A/n:မီးအလစ်တဲလေးနီမည် ဆူးလည်းအသက်မပြည့်သေးတာမို့အရမ်းကြီးမထည့်ထားပါဘူးနော် ပိစိလေးဆိုမှတကယ်ပိစိလေးရယ်။)

စိတ်အစုံကထိုင်းမှိုင်းနေသည်။ ကောင်းကင်ပြင်ကိုမော့ကြည့်မိတော့ ခဲမဲရောင်တိမ်သားတွေဖြင့်သာခြယ်သထားပြီး မကြာခင်မှာပဲမိုးပြိုလာတော့မလို။
ဒါဟာဆောင်းဦးရာသီမှဟုတ်ပါလေစ။

တီ~တီ~တီ

ရုတ်တရပ်ထမြည်လာသည့်ဖုန်းရဲ့contact nameကိုကြည့်လိုက်တော့ “ဟွမ်ဂျီဟယ်” တဲ့။

“ဒို့နဲ့တွေ့မလား..ဂျွန်..”

ကိုင်လိုက်ပြီးပြီးချင်းမှာပဲ တစ်ဖက်ကကြားရသည့်ဂျီဟယ့်အသံကတိုးငယ်စွာပင်။

“ငါပိစိနဲ့ပဲ..တွေ့ချင်တယ်..”

လွမ်းဆွေးခြင်းကတရိပ်ရိပ်ထိုးတက်လာပြီး မထိန်းချုပ်နိုင်တော့ပဲအန်ထွက်သွားရသည့်စကားက “ပိစိ” ဆိုတာနဲ့အစပြုသည်။
လွမ်းရက်တွေရှည်နေခဲ့ပြီ..တစ်နေ့မှကိုမေ့မရခဲ့တာ။
ချစ်ဆိပ်တွေတက်လာနေပြီ..ပြေးတွေ့ချင်စိတ်ကတဖွားဖွား။
ကိုယ့်မိသားစုရဲ့အရှုပ်အထွေးတွေကြား မင်းကိုဆွဲမထည့်ချင်ခဲ့ပါဘူး ကလေးရယ်..!
ဖြူစင်တဲ့နှလုံးသားတစ်စုံနဲ့ပဲဖြူဖြူစင်စင်ချစ်ခဲ့သော်ငြား လူလွတ်မဟုတ်တဲ့သူ့အချစ်တွေက ပိစိအတွက်တော့အဆိပ်သာသာရယ်။

“ဒို့ကတောင်းဆိုနေတာ..မဟုတ်ဘူး..အမိန့်ပေးနေတာ..လာခဲ့ပါဂျွန်..နေရာကိုမက်ဆေ့ခ်ျပို့လိုက်မယ်...တစ်ခုခုပြန်ပြောဦးလေ..”

ဂျီဟယ့်စကားကိုတုန့်ပြန်ဖို့မပြောနှင့် အခုနေသူ့ကိုတစ်ယောက်ယောက်ကလက်သီးနဲ့လာထိုးတောင်ငြိမ်နေပေးလိုက်မှာရယ်။ ကြာတော့လူလည်းထုံလှပြီမို့။

“အွန်း..”

စိတ်မပါလက်မပါ အွန်းလိုက်ရင်းဖုန်းကိုချပြီးဘေးကစားပွဲပေါ်ပြစ်တင်လိုက်သည်။

ဟူး~~

ခေါင်းကို‌မော့ကာအပေါ်ကိုလေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ အဲဒီ့လေပူတွေထဲ မာမီ ဆိုတဲ့လူတစ်ယောက်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေပါသွားဖို့ကိုမျှော်လင့်ရင်း..။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now