5

1K 67 10
                                    

[U]

“ဟို..မစ္စတာဂျွန် ကျွန်တော့်ကိုအဲဒီ့ဟင်းလေးကမ်းပေးလို့ရမလား!”

ထယ်ယောင်းတစ်ယောက်သူ့ဘက်မှာရှိနေသည့်ဟင်းတွေနဲ့တင်အားမရနိုင်..ဂျောင်ဂုဘက်က ဟင်းကိုပါလှမ်းတောင်းနေလေသည်။
ဂျောင်ဂုကလည်းငြင်းမယ်မထင်ပါနဲ့။ပြုံးပြုံးကြီးနဲ့ကို ကမ်းပေးလာတာ။

“ဘာလို့ဘာမှမစားတာလဲမစ္စတာဂျွန်!”

ဟင်းပွဲတွေအများကြီးမှာပြီး ဘာကိုမှလည်းမထိသေးတဲ့မစ္စတာဂျွန်ကို ထယ်ယောင်းအမေးထုတ်လိုက်သည်။

“မင်းမဝမှာစိုးလို့~”

ဂျောင်ဂု၏စကားကြောင့် ထယ်ယောင်းမှာ ဆက်ပဲစားရတော့မှာလိုလို မစားဘဲထိုင်ပဲရှက်နေရတော့မှာလိုလို။
ဇွန်းကိုရှေ့သွားလေးဖြင့်ကိုက်လျက် ပြူးကြောင်ကြောင်လေးဖြစ်လို့နေသည်။

“စားပါစားပါ! ကိုယ်ကမင်းကိုအဲ့လိုဖြစ်စေချင်လို့ပြောလိုက်တာမဟုတ်ပါဘူး..ဟင်းဟင်း!”

မချိုမချဉ်အပြုံးကြီးနဲ့ ပြီတီတီစိုက်ကြည့်ပြီးပြောနေသည့်ဂျောင်ဂုက ဇာတ်လမ်းတွေထဲမှာမင်းသမီးကိုမကောင်းကြံတော့မည့်လူဆိုးကြီးလိုပင်။
ဂျောင်ဂုကစားပါလို့ပြောသော်လည်းထယ်ယောင်းဆက်မစားနိုင်တော့။
ခုဏကတော့သူဗိုက်ဆာဆာနဲ့မို့ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ အစားတွေပဲငုံ့စားနေမိသည်။
သို့သော်အခုတော့ ပတ်ဝန်းကျင်ကိုသေသေချာချာကြီးဂရုစိုက်မိပြီမို့ မစ္စတာဂျွန်ကြီးကတစ်ချိန်လုံးစိုက်ကြည့်နေသည်ကိုသတိပြုမိပြီဖြစ်သည်။

“ကျ..ကျွန်တော်ဝပြီ မစ္စတာဂျွန်!”

“စားပါဦးအများကြီးကျန်သေးတာကို ဟင်းတွေက!”

“ဟင့်အင်းတော်ပြီ! ဗိုက်အင့်နေပြီမို့မစားနိုင်တော့ဘူး..”

သူအမှန်တကယ်ဗိုက်အင့်နေပြီဖြစ်သော်လည်း မစ္စတာဂျွန်ရဲ့အကြည့်စူးစူးတွေကိုပိုကြောက်သောကြောင့်မစားတော့တာပင်။

“ပြန်..ပြန်တော့မယ်!”

“အော~ကိုယ်လိုက်ပို့မယ်လေ!”

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now