23

808 59 7
                                    

[U]

ချစ်ရနံ့တို့ဆွတ်ပျံ့နေသောလသာညဝယ်မေတ္တာရောင်စဥ်ထိန်ဝါလင်းလျက်..

“ပိစိ..သမီးနဲ့စကားပြောမလား..ဂျောင်ဟယ်ကသူ့ကိုကိုနဲ့..ပြောချင်လို့တဲ့..”

ဖန်သားပြင်တို့ခြားနေသည့်တိုင် သူတို့နှစ်ဦးရဲ့မျက်နှာမှာချိုမြိန်မှုတွေအပြည့်ပင်။
သူကအိပ်ရာထက်မှာဝမ်းလျားထိုးမှောက်ကာပျင်းတွဲတွဲနေ နေပေမဲ့ မစ္စတာဂျွန်ကတော့အိပ်ခါနီးမှာတောင် ချော့မောသန့်ပြန့်လို့နေကာ ဆိုဖာထက်မှာကျကျနနခြေချိတ်ထိုင်နေလေသည်။

“အွန်း..တကယ်လားပြောမယ်..ကျွန်တော်လည်း..ဟယ်လေးနဲ့စကားပြောချင်နေတာ..”

သူကထိုသို့ပြောလိုက်တော့ မစ္စတာဂျွန်ကဘေးကိုလှမ်းကြည့်ပြီး ဟယ်လေးကိုနူးနူးညံ့ညံ့လေးခေါ်နေလေသည်။ ထိုပုံစံလေးကိုကြည့်ရင်း အာရုံထဲမှာပေါ်လာပြန်သည့် မိသားစုပုံရိပ်လေးတစ်ခုရယ်။ သေချာတာကတော့ ထိုမိသားစုပုံရိပ်လေးထဲမှာ မစ္စတာဂျွန်ဟာအခရာပင်။

“ကို..ကိုကိုထယ်..”

ဟယ်လေးက မစ္စတာဂျွန့်ဘေးတွင် စခရင်ကသူ့ကိုစိုက်ကြည့်ကာ တိုးသသဖြင့်ခေါ်၏။ ထို့နောက်အသံတိတ်ငိုကြွေးနေသည့်ဟယ်လေးမျက်နှာမှာ မျက်ရည်တွေဟာရွှဲအိလို့ပင်။

“မငိုပါနဲ့ဟယ်လေးရယ်..ကိုကိုဒီမှာလေ..”

တအီအီနဲ့ငိုကြွေးနေတဲ့ဟယ်လေးကိုကြည့်ရင်း သူပါဝမ်းနည်းလာရသည်။ ဟယ်လေးကိုမစ္စတာဂျွန်က သူ့ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်လို့နေ၏။

“ကိုကို..ကိုကိုဘယ်ရောက်နေခဲ့တာလဲဟင်..ဘာလို့သမီးကိုပြစ်ထားရတာလဲ..ဘာလို့..ဘာလို့..ဟင့်..ဘာလို့လာမတွေ့ရတာလဲ..”

တစ်ချို့တစ်ချို့သောအရာတွေက ဖြူစင်တဲ့သံယောဇဉ်ကြိုးလေးတွေကို အနာတရဖြစ်စေသည်။ သို့သော်မစွန်းထင်းဘဲ ဖြူစင်နေဆဲသံယောဇဉ်နွယ်ကြိုးလေးတွေက နှလုံးသားနဲ့တိုက်ရိုက်ဆက်သွယ်ထားတော့ ပူဆွေးတဲ့အခိုးငွေ့တွေရိုက်ခတ်ပြီး မျက်ရည်ကြည်ကျဆင်းကာ ပူလောင်လာရ၏။

“ဟင့်..ကိုကို..ကိုကိုမအားလို့ပါဟယ်လေးရယ်..အခု‌တော့ မကြာမကြာ..ကိုကိုတို့အခုလိုစကားပြောကြမယ်လေ..နော်..တိတ်တော့ဟုတ်ပြီလား..”

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now