6

1K 58 4
                                    

[U]

“ဟို..ဒီနားမှာထိုင်လို့ရမလားဟင်..”

“ဟုတ်..ရပါတယ်ထိုင်ပါရှင့်..”

“တစ်ယောက်တည်းပဲနော်..သူငယ်ချင်းတွေနဲ့အတူတူသွားမထိုင်ဘူးလား..”

“သူတို့ကထိုင်စေချင်ဦးမှလေ..ပြီးတော့သူတို့က ကျွန်မသူငယ်ချင်းတွေမဟုတ်ပါဘူး ဒီတိုင်းအတန်းဖော်ပဲ..”

“‌အော်..! အဲ့ဒါကြောင့် ဒီလိုအချိန်တိုင်းတစ်ယောက်တည်းဖြစ်နေတတ်တာကိုး..”

“ဟမ်! ကျွန်မကိုစောင့်ကြည့်နေခဲ့တာလား..”

“အွန်း..သူငယ်ချင်းဖြစ်ချင်လို့လေ..ဖြစ်ခွင့်ရှိမလားတော့မသိပေမဲ့...”

“သိပ်ရတာပေါ့..ကျွန်မနာမည်က ဟွမ်..”

“ဆော..မင်းကိုဆောလို့ခေါ်မယ်..”

“ဟင်..ဘာလို့လဲ ကျွန်မနာမည်မှာဆောလို့တစ်လုံးမှလည်းမပါပဲနဲ့..”

“ဒီတိုင်းပဲခေါ်ချင်လို့လေ..”

“ဟုတ်ပြီလေ ရှင်ကရော..”

“ဝန်း..ဝန်းလို့ခေါ်နိုင်တယ်”

မုန်တိုင်းအချို့၏အစပျိုးရာ...

///

သူရိန်နေမင်းကြီးက သူ့ရဲ့နေရောင်ခြည်တို့ဖြင့် ကမ္ဘာလောကကြီးအား နွေးထွေးစေသည်...။
ကျေးငှက်မောင်နှံတို့ကတော့ သူတို့ရဲ့သာယာနာပျော်ဖွယ်တေးသီသံတို့ဖြင့် လူတို့၏စိတ်နှလုံးအားငြိမ်းချမ်းစေသည်...။
သို့သော် လူအချို့ကတော့ သူရိန်နေမင်းကြီးရဲ့နွေးထွေးမှုရောင်ခြည်မသက်ရောက်သလို..ငှက်မောင်နှံ၏သာယာငြိမ်ငြောင်းတဲ့တေးသီသံကိုလည်း နားမဆင်နိုင်ပါ။
အဘယ်ကြောင့်ဆို....

ထယ်ယောင်းတစ်ယောက်‌ကျောင်းစာသင်ခန်းထဲတွင်ထိုင်‌နေခိုက်..ရုတ်တရပ်အတွေးထဲကြော်ငြာဝင်သလိုဝင်လာသည့်မနေ့ညနေကအကြောင်းအရာများ....

Fash back.....

“ဟူး..တော်ပါသေးတယ်..ကိုယ်ကသူ့ကိုမင်းရဲ့ရည်းစားထင်သွားတာ..”

ပြောရင်းတန်းလန်းသူ့ကို“အင့်”ခနဲမြည်အောင်ပွေ့ဖက်လိုက်ပါသောမစ္စတာဂျွန်..။
စစချင်းတော့သူကြောင်နေမိပေမဲ့ နောက်နည်းနည်းကြာလာတော့ရုန်းမိသည်။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now