8

910 55 6
                                    

[U]

ဘူဆန်မြို့ရှိမြို့နယ်ဆေးရုံလေးတစ်ခုတွင်...

“အူဝဲ~အူဝဲ~”

“အူဝဲ~အူငဲ~”

တိတ်ဆိတ်ငြိမ်သက်ကာတစ်ယောက်စနှစ်ယောက်စသာရှိသောဆေးရုံငယ်လေးထဲတွင် မွေးကင်းစကလေးလေးနှစ်ယောက်၏အော်ငိုသံမှာပျံ့လွင့်လျက်ရှိသည်။

“ဘာလေးတွေမွေးလဲ...ဒေါက်တာ..”

ပျက်စီးနေတဲ့အုတ်ကျွတ်တွေ ခပ်ညစ်ညစ်နံရံတွေနှင့် ခွဲစိတ်ခန်းလေးထဲက ဆရာဝန်တစ်ယောက်ထွက်လာတော့ ခွဲစိတ်ခန်းရှေ့တွင်ရပ်စောင့်နေသည့်အမျိုးသားတစ်ယောက်က ကပျာကယာဖြင့်မေးလာလေသည်။
သို့ပေမဲ့ဆရာဝန်မှာတော့ တစ်ခုခုကိုပြောရခက်နေသည့်ဟန်ပင်။

“ဘာ..ဘာဖြစ်လို့လဲ..ဒေါက်တာရယ်..ကျွန်တော့်အမျိုးသမီးနဲ့ကလေးတွေ..တစ်ခုခုများ..ဖြစ်လို့လား..ပြောပါဗျာ..ကျွန်တော်ရင်တွေ..ပူလိုက်တာ..”

ထိုအမျိုးသားသည်အမှန်တကယ်ပင် သူ့၏ဇနီးသည်နှင့်ကလေးတွေကို စိုးရိမ်နေသည့်ပုံ..။

“သူဌေးကတော်ရော..ကလေးတွေရော..ဘေးကင်းပါတယ်..‌ဥက္ကဌကြီး..”

“ဒါဖြင့်ရင်..ဒေါက်တာက..ဘာကိုပြောရခက်..နေရတာတုန်း..”

“ဟို..ဟိုလေ..ကလေးနှစ်ယောက်ထဲက..တစ်ယောက်က..ယောကျာ်းလေးပါ..ဒါ..ဒါပေမဲ့..နောက်..နောက်တစ်ယောက်ကတော့..”

“ဘာကိုပြောချင်တာလဲ..ဒေါက်တာရယ်..တစ်ယောက်က..သားလေးဆိုတော့..နောက်တစ်ယောက်က..သမီးလေးပေါ့..”

“မ..မဟုတ်ပါဘူးဗျ..တစ်..တစ်ယောက်က..လိင်နှစ်မျိုးပါတဲ့..ဒွိလိင်ပါ..”

“ဗျာ..!”

ဆရာဝန်၏စကားသည် ထိုအမျိုးသားအတွက် အံ့ဩစရာတစ်ခုထက်မပိုခဲ့ပေမဲ့ ထိုအမျိုးသား၏ဇနီးအတွက်ကတော့ ထိုသို့ဟုတ်ခဲ့ပုံမပေါ်..။

“ဘာတွေပြောနေတာလဲ..မာရီ..သူလေးကလည်း..အကိုတို့ရဲ့သွေးသားပဲလေ..အကိုတို့ချစ်ရမဲ့..အကိုတို့ကလေးလေးပါပဲ..”

“အကို..အကိုလည်းသိရက်နဲ့ကို..ဘယ်လိုတွေပြောနေရတာလဲ..မာရီ..မာရီတို့နှစ်ဖက်အသိုင်းအဝိုင်းက..မာရီတို့အမှားကိုပဲ..ချောင်းနေကြတာလေ..ဒါ..ဒါကို..ဒီလိုအချိန်မှာ..သူက..ဟင့်..သူက..”

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now