15

631 48 9
                                    

[U]

ရက်သတ္တပတ်ကြာပြီးနောက်...

အချိန်တွေကတရွေ့ရွေ့နဲ့ကုန်ဆုံးသွားလိုက်တာ7ရက်ဆိုသောအချိန်သည်ဘာမှမဟုတ်သလို။
ကလေးနဲ့မတွေ့ရတာလည်းသူနဲ့မိုးရေထဲမှာဆုံခဲ့ပြီးသည့်နေ့မှစလို့ပင်။ ဂျီဟယ်နဲ့နှစ်ဦးသဘောတူတိတ်တဆိတ်ကွာရှင်းထားတာကိုလည်း တရားရုံးချုပ်ကလက်ခံလိုက်ပြီမို့သူတို့ဟာတရားဝင်ပျက်ဆဲပြီးခဲ့ပြီဖြစ်သည်။ မီ့ကိုတွေ့ဖို့လည်းအလှမ်းမဝေးတော့ဘူးဟုစိတ်ထဲမှထင်နေမိသည်။ မီဟာညတိုင်းညတိုင်းလည်းအိမ်မက်လာပေးခဲ့ပြီးထိုအိမ်မက်မှာလွန်ခဲ့သောတစ်ပတ်လောက်ကမက်ခဲ့သောအိမ်မက်နှင့်တစ်ပုံစံတည်းပင်ဖြစ်သည်။

"ဥက္ကဌကြီး..ဟိုလေ..ကျွန်တော့်ကို..ဆရာလုပ်တယ်လို့တော့..မထင်ပါနဲ့နော်..ကျွန်..ကျွန်တော်.."

အတွင်းရေးမှူးဂျန်ကသူ့ကိုအကြံပေးချင်နေပေမဲ့ ဆရာလုပ်တယ်လို့ထင်နေမှာလည်းကြောက်နေတော့သူကလည်းမျက်နှာထားတင်းတင်းကြီးကိုပြန်ဖြေလျော့လိုက်ပြီး အေးအေးသာသာ သာပြန်ပြောလိုက်သည်။

"ပြောပါ..အတွင်းရေးမှူးဂျန်.."

"ဟုတ်ကဲ့..အဲ့ဆို..ပြောမယ်နော်.."

ကျေနပ်အောင်ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရသေးသည်။

"ဥက္ကဌကြီးအခု..ဥက္ကဌကြီးရဲ့..ညီမလေးကို..ရှာနေတာ..ဒီနိုင်ငံမှာ..အနည်းကျဉ်းပဲ..ရှိတဲ့လာဗင်ဒါပန်းခင်း..တွေလည်းကုန်နေပြီနော်.."

"ဟုတ်တယ်လေ..အဲ့တော့ဘာဖြစ်လို့တုန်း.."

အတွင်းရေးမှူးဂျန်ရဲ့စကားကိုနားစိုက်ထောင်နေရင်း ဖင်တကြွကြွဖြစ်ကာသိချင်စိတ်တို့များလာတာကြောင့် စကားထောက်လိုက်သည်။

"သူဌေးကတော်ကြီး..သွားတတ်တဲ့နိုင်ငံက..ပန်းခင်းတွေထဲလည်း..ရှာပြီးနေပြီ.."

"အဲ့တော့..ဘာဖြစ်လဲ..ဆက်ပြောလေ.."

အတွင်းရေးမှူးဂျန်ကသူ့ကို "နားမလည်သေးဘူးလားဥက္ကဌကြီးရယ်" ဆိုသည့်ပုံစံနှင့်မော့ကြည့်ကာပြောလာသည်ကြောင့် အူလည်လည်ပင်စကားထပ်ထောက်မိသည်။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Où les histoires vivent. Découvrez maintenant