21

711 50 4
                                    

[U]

အချိန်အားဖြင့် 5နာရီ..။
သစ္စာရှိလှသည့်မျက်လုံးတွေက မနက်5နာရီထိုးပြီးဆိုသည်နှင့် ဖက်ခနဲပွင့်လာတတ်၏။ ကိုယ့်အိမ်ကိုယ်ရာမှာ ကိုယ့်အလုပ်ကိုယ့်အကိုင်နဲ့မို့ ခြေဆန့်လက်ဆန့်ဖြင့်မအိပ်နိုင်၊ မနက်5နာရီဆိုသည်ထရပြီး အလုပ်သွားဖို့ပြင်ရသည်။ အလုပ်မရှိသည့်ရက်တွေဆိုလည်း  မနက်မိုးလင်းတည်းက သားငယ်ကိုချီပြီးခြေတိုအောင်လမ်းလျှောက်ကာအလုပ်လှည့်ရှာတတ်သည်။ အခုတော့ဖြင့် တစ်ဦးတည်းသောသူငယ်ချင်းလေးကောင်းမှုကြောင့် သူ့မှာထိုသို့လုပ်စရာမလိုတော့။ သို့သော်လည်းသစ္စာအရှိလွန်နေသည့်သူ့မျက်လုံးနှစ်လုံးက ဘယ်လိုမှကိုပြန်မှိတ်လို့မရပါ။
မျက်စိလည်းမှိတ်မရတော့သလို အိပ်လည်းအိပ်မရတော့မဲ့အတူတူ ကုတင်ထက်ကထထိုင်လိုက်ပြီး ဘေးကခြေကားယားလက်ကားယားဖြင့်အိပ်နေသည့်သားငယ်နှင့်ဂျီမင်းကိုစောင်သေချာဆွဲ‌ခြုံပေးကာ အခန်းအပြင်သို့ထွက်လာလိုက်သည်။
နွေဦးပေါက်ဖြစ်တာမို့ ရာသီဥတုဟာလည်းချမ်းသည်ဟုမရှိတော့သော်လည်း အနည်းငယ်မျှခပ်စိမ့်စိမ့်လေးအေးနေ၏။ ထို့ကြောင့်စောင်အပါးလေးကိုခြုံရင်း ဝရန်တာဘက်ကိုထွက်လာလိုက်သည်။
အချိန်ဟာစောသေးသည်ဟုထင်ရသော်လည်း လုပ်ငန်းခွင်ဝင်ရန်လှုပ်လှုပ်ရှားရှား သွားလာနေကြသည့်သူတွေကိုသူဝရန်တာမှငြိမ်သက်ကာထိုင်ကြည့်နေမိသည်။

“လမင်းကြီးကခုထိရှိနေတုန်းပဲကိုး..အရင်ကသိပ်ပြီးဗျာများနေရတော့..မမြင်နိုင်ခဲ့ဘူး..အခုမှကြည့်မိတယ်..လမင်းကြီးကလှလိုက်တာ..”

သူ့ဘဝမှာအားကိုးစရာသူသာလျှင်ကျန်ရှိတော့သည်မို့ ‌သဘာဝတရားကြီးရဲ့အလှအပဆိုတာကိုလည်းလွတ်လွတ်လပ်လပ်မခံစားနိုင်ခဲ့ပါ။ မနက်မိုးမလင်းခင်အိပ်ရာထတယ်။ ပြီးရင်သားငယ်အတွက်မနက်စာတစ်ခွက်ကိုဖြစ်သလိုလေးရှိတာလေးနဲ့ပြင်တယ်။ ပြီးရင်တော့သားငယ်ကိုချီပိုးလို့ အချိန်ပိုင်းအလုပ်တွေအများကြီးကို နေဝင်မိုးချုပ်သည်ထိလုပ်တယ်။ ဒါတွေဟာနေ့စဉ်နှင့်အမျှဖြစ်ရပ်နေသည့်သူ့ရဲ့ဘဝကြီးပေါ့။ အွန်း..တစ်စုံတစ်ယောက်သာသူ့ရဲ့နေ့စဉ်ဘဝကြီးထဲပါဝင်နေခဲ့ရင်..

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Dove le storie prendono vita. Scoprilo ora