22

802 55 2
                                    

[U]

စောစောစီးစီးပင်အိပ်ရာကထကာ အလုပ်သွားဖို့ပြင်ဆင်နေပေမဲ့ ချစ်ရတဲ့သူငယ်ချင်းလေးက “မင်းအဲဒီအလုပ်တွေထပ်လုပ်ရင်..ငါနဲ့‌ရှင်ခန်းပြတ်ပဲနော်” ဆိုသည့်တစ်ချက်လွှတ်အမိန့်ကြောင့် ပြုံးပြုံးလေးပင်နာခံလိုက်ရသည်..။

“ထယ်ယောင်း..ငါတို့ဒီနေ့ဈေးဝယ်ထွက်ရအောင်..ငါလည်းကျောင်းပိတ်တယ်..မင်းလည်းဒီနေ့အလုပ်မသွားဘူးဆိုတော့လေ..”

“ဒါ..ဒါပေမဲ့..”

“ဒီမှာဟျောင့်.. ပိုက်ဆံကိုပူမနေနဲ့..ဒီနေ့မင်းတို့သားအဖကြိုက်တာလုပ်..ငါကဟောသလို..ပိုက်ဆံထုတ်ကိုပိုက်ပြီးလိုက်ခဲ့မယ်..ဟုတ်ပြီလား..”

ဂျီမင်း၏ ဟန်အမူအရာအပြည့်နှင့်ခပ်ရွှတ်ရွှတ်စကားလေးကြောင့် သူပြုံးရမဲ့အစား မျက်ရည်တစ်ပေါက်ကသာမျက်နှာအထက် နေရာယူလာသည်။ အရင်တုန်းကလိုကလေးစိတ်တွေနဲ့သာဆို မင်းရှင်းရမှာနော်၊ ငါရှင်းရမှာနော် ဆိုပြီးငြင်းခုံနေမလားမသိပေမဲ့ ရင့်ကျက်လာတဲ့သူတို့ရဲ့နှလုံးသားတွေကအခုတော့ဖြင့်လူကြီးလူကောင်းဆန်ဆန်ရယ်။

“အွန်း..ဟုတ်ပြီ..ဒီနေ့မင်းပိုက်ဆံအိတ်ပြောင်တဲ့ထိ..ငါတို့သားအဖသုံးပြစ်မယ်..”

“ဒီလိုမှပေါ့ကွ.. အား..မျက်ရည်ကဘာလို့ကျလာတာလဲ..ပြောစမ်း..”

သူ့မျက်နှာပေါ်ကမျက်ရည်စတွေကို တိုတိုတုတ်တုတ်လက်ဖွေးဖွေးလေးနှင့်လိုက်သုတ်ပေးနေသည့်ဂျီမင်းရယ်။ သူ့မျက်နှာပေါ်မှာလည်းမျက်ရည်စတွေရှိနေတာကိုတော့ဂျီမင်းက ‌မသိဟန်ဆောင်ထားသည်။

“မကျပါဘူးကွာ.. တော်ပြီသွား‌မယ်..သွားကြစို့..”

“အွန်းဟုတ်တယ်..သွားကြမယ်..သွား ထယ်ထယ်လေးကိုသွားခေါ်ချည်..ငါကအောက်ကစောင့်မယ်..”

ဂျီမင်းကိုခေါင်းငြိမ့်ပြလိုက်ပြီး အခန်းထဲသို့ဝင်ကာ အရုပ်လေးတွေနှင့်ငြိမ်ငြိမ်လေးက‌စားနေသည့်သားပေါက်စကိုကောက်ပွေ့ပြီး အောက်သို့ဆင်းလာလိုက်သည်။ အဝတ်အစားဘာညာကလည်းအကုန်လဲပြီးသားမို့ အဆင်သင့်သွားရုံသာ။
အောက်ထပ်ကိုရောက်တော့ ဂျီမင်းကကားအနားမှာမရှိ။ ကားထဲမှာလည်းမရှိ။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now