24

792 54 0
                                    

[U]

“ဂျောင်..ဂျောင်ထယ်လေးက..ကိုယ့်သားဟုတ်တယ်မလား..”

ရုတ်တရက်ပြောချလာသည့် မစ္စတာဂျွန်၏စကားလုံးတွေအောက်မှာတုန့်ပြန်မှုတွေမဲ့နေမိသည်။ အတန်ငယ်ထိတ်လန့်မှုနှင့်အတူ မျက်ရည်ပူတွေဟာပါးပြင်ပေါ်ကိုစီးဆင်းလာသည်။ တစ်ဖက်ကိုမျက်နှာလွှဲကာ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်ပြစ်လိုက်သည်။

“အဖြေကိုသိပြီးသားပဲမဟုတ်လား..”

သူကထိုသို့ပြောလိုက်တော့ ဂျီမင်းက “ငါ့ကြောင့်မို့ပါ..” ဆိုပြီးကိုယ့်ကိုကိုယ်အသံတိတ်အပြစ်တင်နေသည်။ ခပ်ဖွဖွလေးပြုံးလျက် ခေါင်းယမ်းပြလိုက်သည်။ တကယ်လည်းဂျီမင်းကြောင့်မဟုတ်ပါဘူး။ မစ္စတာဂျွန်လိုလူအတွက် လွန်ခဲ့တဲ့3နှစ်လောက်ကကိစ္စကိုသိရဖို့ကသိပ်မှအပန်းမကြီးတာလေ။

“နှစ်ယောက်တည်းပြောချင်တယ်..”

သူ့မျက်နှာကိုစိုက်ကြည့်နေရာကနေ တစ်ချက်မှမလွှဲသွားဘဲ ဘေးကလူတွေကိုလှမ်းပြောသည်။ အတွင်းရေးမှူးဂျန်ကလည်း အလိုက်တသိပင် ဂျီမင်းနဲ့ယွန်းဂီကို ခေါ်ထုတ်သွားသည်။

“ကလေး..ကလေးလေး..ပြောပါကွာ..ပြောပါ..ကိုယ်ကြားချင်လို့ပါ..”

သူ့ရဲ့လက်နှစ်ဖက်ကို ခပ်တင်းတင်းစုပ်ကိုင်ရင်း တစ်ဖက်ကိုလှည့်နေသည့်သူ့မျက်နှာကိုလည်း အရှေ့တည့်တည့်မလှည့်မချင်း လိုက်ကြည့်နေလေသည်။

“ပြောပါ..နော်..ပြောပါ..ကိုယ်တောင်းပန်ပါတယ်..”

“သိပြီးပြီမဟုတ်ဘူးလား..မစ္စတာဂျွန်ရယ်..ဘာကိုပြောခိုင်းနေရတာလဲ.. ကျွန်တော်သက်သက်မဲ့ဖုံးကွယ်ထားတာတော့..မဟုတ်ပါဘူး..”

“ကိုယ်သိတာပေါ့ကွာ..ဒီဖက်ကိုလှည့်..ကိုယ့်ကိုကြည့်ပေး..ကိုယ့်မျက်လုံးတည့်တည့်ကို..ကြည့်ပေးပါ..”

စိတ်တိုင်းကျလှည့်ပေးပြီး မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပေးလိုက်သည်။ သို့သော်လည်း နူးညံ့သောစကားလုံးတွေကို ပြောကြားတတ်တဲ့မစ္စတာဂျွန်ရဲ့နှုတ်ခမ်းပါးတွေစီကိုလည်း အကြည့်ကစုန်ချည်ဆန်ချည်ရောက်ရောက်သွားတတ်သည်။
အောက်နှုတ်ခမ်းရဲ့ထောင့်နားလေးမှာLip piercingလေးတစ်ခုတတ်ထားသည်။ သာမန်ကာလျှံကာမဟုတ်ဘဲ သေသေချာချာကြည့်ကြည့်မှ မစ္စတာဂျွန်ဟာ ထိုLip piercingလေးနဲ့သိပ်လိုက်ဖက်နေလေသည်။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Место, где живут истории. Откройте их для себя