4

1K 66 4
                                    

[U]

အချစ်ဆိုတာက မချစ်တတ်ခင်လေးတင်ပဲ လိုချင်နေမိတာပါ~

ချစ်တတ်သွားရင်ရော..?

မင်းနာကျင်ရင်တောင် စွန့်ပြစ်ဖို့တွေးမိမှာမဟုတ်ဘူး~

///

ကောင်းကင်တစ်ခွင်က မှိုင်းမှိုင်းညို့ညို့ ခဲနက်ရောင်တိမ်သားတွေကိုကြည့်ရင်းထယ်ယောင်း စုတ်တစ်ချက်သပ်လိုက်သည်။

"ကျစ်! ဒီနေ့မှစာလုပ်ချင်စိတ်လေးဖြစ်လာလို့ စာကြည့်တိုက်သွားမလို့ပါဆို!!"

"သားသာတကယ်သွားချင်စိတ်ရှိရင်သွားလို့ရပါသေးတယ်သားရယ် မိုးလည်းရွာသေးတာမှမဟုတ်ပဲ!"

ဘေးကမေမေက သူ့ကို "မပိုနဲ့" နဲ့ဆိုတဲ့အကြည့်နဲ့ကြည့်ကာထိုသို့ဆိုလာလေသည်။

"မေမေကလည်း..ရာသီဥတုကကြည်လင်နေမှ စာလုပ်တဲ့သားရဲ့စိတ်လည်းကြည်လင်ပြီး စာကိုကောင်းကောင်းမှတ်နိုင်မှာလေ!"

စာလုပ်ချင်စိတ်ကရှိပေမဲ့ ပျင်းတဲ့စိတ်ကပိုနေတဲ့သူ့ကိုမေမေကဘာမှဆက်မပြောတော့။
ထယ်ယောင်းမေမေ၏စိတ်ထဲတွင် အရူးစိတ်ချမ်းသာရင်ကမ္ဘာကြီးအေးချမ်းသည် ဟုသာမှတ်ယူလိုက်တော့သည်။

"သားစာကြည့်တိုက်သွားမလို့ဆို ဖေဖေတစ်ခါတည်းဝင်ပို့ခဲ့မယ်လေ"

အခန်းထဲကထွက်လာတဲ့ဖေဖေက ညတုန်းကတည်းက နက်ဖြန်ကျရင်စာကြည့်တိုက်သွားမှာ ဆိုပြီး လိုက်ကြွားထားသည့်သူ့ကိုကြည့်ရင်းဆိုလာလေသည်။

"ဖေဖေကဘယ်သွားမလို့လဲ အလုပ်ပိတ်ရက်ကြီးကို!"

"အခြားအလုပ်ကိစ္စလေးတစ်ခုပေါ်လာလို့ပါသားရယ် သွားမှာမလား သွားကြစို့လေ လာ!"

"အာ..အာ မဟုတ်!"

ဖေဖေနဲ့သူ့ကိုကြည့်ကာဘေးကမေမေက အသံထွက်အောင်ပင်အော်ရယ်နေတော့သည်။

"ဟ! ဘာဖြစ်တာလဲမိန်းမရ~"

"မဟုတ်ပါဘူးရှင်! သားလိုက်သွားတော့လေဘာလုပ်နေတာတုန်း!!"

သူ့ကိုမှတ်ရောဆိုသည့်လှောင်ပြောင်သည့်အကြည့်နဲ့ကြည့်ကာမေမေကပြောလာသည်။
ဖေဖေရောမေမေပါ ပြောလာပြီမို့စူပုတ်ပုတ်နဲ့သာခေါင်းငြိမ့်ပြလိုက်ရတော့သည်။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now