12

683 46 16
                                    

[U]

“သ..သမီးလေး..ဒယ်..ဒယ်ဒီမရှိ..မရှိတော့ရင်လေ..သ..သမီးမာမီဆီမှာ..မနေနဲ့နော်..နော်ကြားလား..အဟွတ်..အဟွတ်..‌လိပ်..လိပ်စာကဒ်..စာကြည့်ခန်းထဲက..အံ..အံဆွဲထဲမှာ..ရှိတယ်..အဟွတ်..အဟွတ်..အဲ့..အဲ့မှာ..သွားနေ..”

စကားတစ်ခွန်းပြောရင်တောင်မောသည့်ဒယ်ဒီက..သူမကိုစိတ်ပူလွန်းလို့..စကားတွေအများကြီးပြောနေခဲ့သည်။
သူမကလည်းဒယ်ဒီ့လက်လေးကိုပြန်ဆုပ်ကိုင်လိုက်ရင်း..မျက်ရည်တွေကြားကနေပြုံးကာခေါင်းငြိမ့်ပြမိ၏။

“ဒယ်..ဒယ်ဒီ..အိပ်..အဟွတ်..အိပ်ချင်တယ်..သမီးရယ်..”

ပက်လက်ကုလားထိုင်လေးပေါ်မှာအတန်ကြာထိုင်နေရတော့ဒယ်ဒီလည်းလှဲချင်နေပြီထင်ပါ့။

“သမီးပြင်ပေးမယ်နော်..ဒီနားလေးမှာ..ခဏစောင့်ပေးဦး..”

ဒယ်ဒီ့ကိုခဏထားခဲ့ပြီး သူမကအိပ်ခန်းဖက်ကိုထွက်လာကာ အိပ်ဖို့အသင့်ဖြစ်ရန်သေသေချာချာလေးပြင်လိုက်လေသည်။ အသေအချာအကျအနပြင်ပြီးသွားမှဒယ်ဒီ့ကိုသွားခေါ်လေ၏။

“လာ..ဒယ်ဒီ..အိပ်ရာပြင်ပြီးပြီ..သမီးတွဲပေးမယ်နော်..”

ပက်လက်ကုလားထိုင်ပေါ်ကဒယ်ဒီ့ကိုအသေချာတွဲရင်းထစေပြီး..အိပ်ခန်းထဲကိုခေါ်လာခဲ့လိုက်သည်။

“ဒယ်ဒီ..ခဏအိပ်နေလိုက်ဦးနော်..သမီးဟိုဖက်မှာ..အဝတ်လေးသွားလျှော်လိုက်ဦးမယ်..”

ဒယ်ဒီကခေါင်းငြိမ့်ပြသည်။
သူမလည်းအဝတ်ခြင်းလေးကိုကိုင်ကာ အခန်းထဲကရေချိုးခန်းထဲဝင်ပြီး အဝတ်တွေအမြန်ဆုံးနှုန်းနဲ့လျှော်နေလိုက်သည်။ အဝတ်လျှော်စက်ကလည်းမရှိတော့အခက်တွေ့၏။ ဒယ်ဒီ့အနားမှာသူမ မရှိလို့မဖြစ်ပါဘူးဆို။

“သ..သမီးလေးရယ်..ဒယ်..ဒယ်ဒီက..ဒီနေ့ကိုကျော်နိုင်တော့မယ်..မထင်ပါဘူးကွယ်..အဟွတ်..အဟွတ်..!”

အိပ်ခန်းထဲကဒယ်ဒီတစ်ယောက် ယောကျာ်းကြီးတန်မဲ့သမီးလေးကိုစိတ်ပူလွန်းလို့ တီးတိုးငြီးတွားရင်းငိုနေခဲ့သည်ကိုတော့ ရေချိူးခန်းထဲမှာအဝတ်လျှော်နေသော သမီးဖြစ်သူမသိခဲ့ရှာ။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now