16

808 46 9
                                    

[U]

“ဂျွန်....”

ပြာပြာသလဲနှင့်အလွန်ဝမ်းသာပျော်ရွှင်နေသည့်အသံဖြင့်ဂျီဟယ်ကအိပ်ရာပေါ်ဝမ်းလျားထိုးမှောက်ရင်းဖုန်းပြောနေလေသည်။LAကပြန်ရောက်နေပြီဆို

“အွန်း..”

ဂျွန်အသံဟာမကြည်မသာနှင့်။ ဂျွန်တစ်ခုခုများဖြစ်နေလေသလား။

“ဂျွန်..ဂျွန်ဘာဖြစ်နေတာလဲ..”

“ဟင့်အင်း..”

“ဟင့်အင်း” ဆိုကာငြင်းလိုက်သည့်အသံကပါနွမ်းနွမ်းလျလျ။ ဂျွန်ကဒို့ကိုလျော့တွက်ထားသည့်ပုံ။ ဒို့နဲ့ဂျွန်ကငယ်ပေါင်းကြီးဖော်တွေပါ။ အသံကြားတာနဲ့သူဘာတွေးနေသလဲ။ သူဘာဖြစ်နေသလဲ။ မသိရလောက်အောင်တုံးလည်းမနေဘူး။

“ဂျွန်..ဒို့ကိုမလိမ်နဲ့..အခုချက်ချင်း..ဒို့ကိုလာတွေ့..ဒို့လည်းမိတ်ဆက်..ပေးချင်တဲ့လူတစ်ယောက်ရှိလို့..”

“ဟူး..ငါခရီးပန်းနေလို့..နားချင်သေးတယ်..ဂျီဟယ်..နောက်နေ့မှပေါ့..”

သက်ပြင်းမောကြီးချပြီးမှသူ့စကားကိုပြန်ဖြေတဲ့ဂျွန်ကတကယ်ပဲဘာဖြစ်နေတာလဲ။ မဟုတ်မှဂျွန့်ရဲ့မာမီများ...

“ဂျွန်..”

“ဂျွန်”လို့နာမည်အရင်ခေါ်ပြီးစကားပြောဖို့ကိုအစချီလိုက်သည်။ သို့သော်လည်းပြောရမှာပင်တွန့်ဆုတ်တွန့်ဆုတ်ဖြင့်။

“အွန်း..ပြော..”

“ဂျွန်..တစ်ခုခုဖြစ်နေတာသိတယ်..အဲဒါဂျွန့်မာမီကြောင့်မလား..”

တစ်ဖက်မှတိတ်ဆိတ်သွားသောဂျွန်က “သေချာတာပေါ့” ဟုပြောနေသယောင်။

“ငါဖုန်းချတော့မယ်..”

ချက်ချင်းလက်ငင်းကြီးဖုန်းချတော့မယ်ပြောနေသောဂျွန့်ကြောင့်သူ့မှာအမြန်တားယူလိုက်ရသည်။

“ခဏ..ခဏနေပါဦးဂျွန်ရယ်..ဒို့ကဂျွန့်ကိုလွမ်းနေတာ..ဒို့ကိုလာတွေ့လှည့်..တွေ့နေကြဆိုင်မှာ..”

“ငါမအား..”

သူ့စကားတောင်မဆုံးသေးဖြတ်ပြောလာသောဂျွန့်ကြောင့်သူလည်းဂျွန့်စကားကိုဆုံးအောင်နားမထောင်
ပဲဖြတ်ပြောလိုက်သည်။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now