26(Final)

1.2K 54 3
                                    

[U]

"ပါး..ဒယ်ဒီ..မြန်မြန်လုပ်ပါ..နောက်ကျတော့မှာပဲ.."

အရင်က "ကိုကို" ဟုတသသခေါ်တတ်သည့်နှုတ်ဖျားလေးက "ပါးပါး" ဟုကြားရပြန်တော့လည်း ရင်ထဲမှာကြည်နူးမှုတွေတသိမ့်သိမ့်တုန်လို့ "သမီးငယ်" ဆိုသည့်နာမ်စားလေးဟာ လေ့ကျင့်ယူစရာမလို အလိုအလျောက်ထွက်ပြီးသားပင်။
Balletမှာပါရမီပါသည့်သမီးငယ်က အခုလည်းကျောင်းကပွဲမှာ တစ်ကိုယ်တော်ကပြဖျော်ဖြေရမှာဖြစ်သည်မို့ သိပ်ကိုရွှင်မြူးနေလေသည်။
9နာရီမှစမည့်ပွဲကိုတောင် 7နာရီခွဲကတည်းကနောက်ကျနေပြီဟု ပြောကာသူတို့ကိုမြန်မြန်ပြင်ဆင်ရန်ဆော်ဩနေသေးသည်။

"နောက်မကျပါဘူး..သမီးရယ်..စောပါသေးတယ်..ဒယ်ဒီညကတည်းကအချိန်ကို..သေချာစီမံပြီးသားပါ..အခုမနက်စာစားလို့မီသေးတယ်..စားလှည့်ဦး.."

နိုးပါပြီဆိုကတည်းက ဝတ်စုံဘာညာကိုအကျအနပြင်ဆင်ပြီးတော့ ဧည့်ခန်းမှာထွက်ထိုင်နေသည့်သမီးငယ်ကို မစ္စတာဂျွန်ကလှမ်းပြောသည်။

"ဟင့်အင်း..မစားတော့ဘူးဒယ်ဒီ.."

သမီးကလည်း သူပြင်ဆင်ထားတာတွေပျက်ကုန်မှာစိုးလို့ ငြင်းသည်။ ဒယ်ဒီဂျွန်ကလည်း သူ့သမီးထမင်းမစားရသေးတော့ စိတ်ပူပြီးအတင်းကျွေးသည်။
သားအဖနှစ်ယောက် တစ်ယောက်တစ်ခွန်းပြောနေတာတွေကိုနားမခံနိုင်တဲ့အဆုံး..

"ဟူး..တော်ပြီ..သမီးဒီကိုလာ..ပါးခွံ့မယ်၊ တကယ်လို့အလှပျက်သွားရင်..ပါးပြန်ပြင်ပေးမယ်ဟုတ်ပြီလား..မစ္စတာဂျွန်လည်းစားတော့.."

သူဝင်ဖြန်ဖြေပေးလိုက်မှသာ သားအဖနှစ်ယောက်ငြိမ်သွားတော့သည်။
သားငယ်ကတော့ သူတို့ကိုရှိတယ်လို့တောင်သဘောမထားပါ။ Molangအရုပ်လေးနှင့် အစ်ကိုယွန်းဂီပေးထားသည့်Piu Piuအရုပ်လေးဆီတွင်သာ အာရုံအပြည့်ထားထားသည်။

"aigoo..ဒယ်ဒီ့သားငယ်လေးက..မန်မန်မစားဘဲ..ဘာလုပ်နေတာလဲကွ"

"ချော့..ချော့နေယာ.."

မစ္စတာဂျွန်ကမေးတော့ သားငယ်ကသူဆော့နေတာဖြစ်ကြောင်း မပီမသလေးပြန်ဖြေသည်။

"ဟုတ်လားကွ..ဒယ်ဒီသားငယ်လေးကဆော့နေတာလား.."

"အွန်းအွန်း.."

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Место, где живут истории. Откройте их для себя