[U]
“ဟယ်လို..! ဂျွန်လား..ဒို့ပါဂျီဟယ်လေ..မှတ်မိသေးလား..”
အခန်းထဲကအိပ်ရာထက်တွင် ဂျီဟယ်ဝမ်းလျားထိုးမှောက်ရင်း “ဂျွန့်” ကိုဖုန်းဆက်လိုက်တော့..ခဏအကြာ တီတီတီ ဟုဖြစ်နေပြီးမှ..“ဟယ်လို” ဆိုသည့်ယောကျာ်းဆန်သည့်အသံလေးထွက်ပေါ်လာသည်။
ကိုယ့်ကိုမှတ်မိလားဟု စကားအရင်စကာဆိုမိတော့...“ဂျီဟယ်..ငါကနင့်ကို..မမှတ်မိစရာလား..”
ဂျွန်ကထိုသို့ဆိုလာတော့ ဂျီဟယ်ကခပ်ဖွဖွလေးတစ်ချက်ရယ်သည်။
“ဂျွန်..ဒို့ဂျွန်မရှိတော့..ပျင်းနေတာ..အရင်လို..စကားပြောဖော်မရှိလို့..”
ဂျီဟယ်ကဒီဖက်ကနေစူပုတ်ပုတ်မျက်နှာလေးနှင့်ချစ်စဖွယ်လေးဆိုတော့ ဟိုဖက်ကဂျွန်ကနှုတ်ခမ်းပါးလေးတွန့်ချိုးရုံမျှပြုံးသည်။
သူကအခုLAရောက်နေတော့ ဂျီဟယ်နဲ့စကားမပြောဖြစ်တာတောင်အတော်ကြာနေလေပြီ။ LAမှာ ပျော်စရာတွေအများကြီးရှိသော်လည်းတစ်ဦးတည်းသောစကားပြောဖော်သူငယ်ချင်းမလေးမရှိတော့သိပ်ကိုပျင်းစရာကောင်းလှ၏။“ငါလည်းပျင်းတယ်..ဂျီဟယ်..နင်အခုငါ့ကို..ဘာလို့ဖုန်းဆက်တာလဲ..”
ဂျွန်သိတာပေါ့။ သူ့ရဲ့မာနခဲသူငယ်ချင်းမလေးကအကြောင်းအရင်းတစ်ခုခုမရှိဘဲ ဖုန်းမဆက်တတ်။
သူဖုန်းဆက်လာတာအကြောင်းအရင်းတစ်ခုခုရှိလို့ဆိုတာအလိုလိုသိနေသည်။“ဒို့..ဒီမှာလူတစ်ယောက်နဲ့..တွေ့ထားတယ်..”
“လူတစ်ယောက်..?”
“အာ..သူငယ်ချင်းလို့ပြောတာ..ခင်တာသိပ်မကြာသေးဘူး..”
ဟိုဖက်ကဂျွန်၏မျက်နှာမှာအံ့ဩမှုတို့အထင်းသား။ သူ့ရဲ့မာနခဲသူငယ်ချင်းမလေးက သူငယ်ချင်းလို့ပြောလိုက်တာလားအခု။
ဒါဟာမိုးတောင်ပြိုနိုင်သည့်အဖြစ်အပျက်။“...”
“ဟေ့ဂျွန်..! အံ့ဩနေမှာသိပေမဲ့..အဲ့လောက်ကြီးလဲ..လုပ်မပြနဲ့လေ..”
စကားတောင်တစ်ခွန်းမှပြန်မပြောနိုင်တော့သည်ထိ ဆွံ့အနေတဲ့ဂျွန်ကိုငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ဂျီဟယ်က မျက်စိရှေ့မှာမြင်တွေ့နေရတာမဟုတ်ရင်တောင်သိနေလေသည်။
YOU ARE READING
ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]
Fanfiction~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)