[U]
ခြေဦးတည့်ရာလျှောက်သွားရင်းကနေ တစ်နေရာကိုအရောက် ခြေလှမ်းတွေတန့်သွားရ၏။
သူ့မျက်စိရှေ့မှာမြင်နေရသည်က ကြီးကျယ်ခမ်းနားလွန်းတဲ့အဆောက်အဦးပေါ်တွင် ပြသနေသည့်မစ္စတာဂျွန်၏ထူးချွန်ပြောင်မြောက်တဲ့စီးပွားရေးနယ်ချဲ့မှုတွေအကြောင်း၊ သူကတော့ထိုစီးပွားရေးအကြောင်းဘာညာတွေတစ်ခုမှမသိသလို၊ သိလည်းမသိချင်ပါ။ သူမြင်နေတာ၊ သိနေတာတစ်ခုတည်း အပြုံးအရယ်မရှိတဲ့မစ္စတာဂျွန်၏ခပ်ချောချောမျက်နှာ။ပြုံးရင်သိပ်ပြီးခန့်ညားတာကို..ဘာလို့တည်တည်ကြီးနေနေသလဲ..!
ဝဲတက်လာသည့်မျက်ရည်တွေနှင့်အတူ ချုပ်ထိန်းမရနိုင်သည့်ရင်တွင်းကအတွေးတွေ။
ကော်နှင့်ကပ်ထားသလားအောက်မေ့ရအောင် နည်းနည်းလေးမှရွေ့မရသည့် ခြေလှမ်းတွေက သစ္စာဖောက်စစ်စစ်..။
သုံးနှစ်လောက်ကြာပြီးနောက်မှာပြန်မြင်ခွင့်ရခဲ့သည့် မစ္စတာဂျွန်၏မျက်နှာချောချောကြောင့် ခြေထောက်တွေလည်းခဲဆွဲထားသလို။ ဘယ်ဘက်ရင်အုံတစ်ဝိုက်နားဆီက ဝုန်းဒိုင်းကျဲနေသည့်ရင်ခုန်သံတွေ။
အခုထိစည်းချက်ကျနေတုန်းပဲ..ထပ်တူညီဖို့ပဲမဖြစ်နိုင်တော့တာ။ခြေလှမ်းတွေလည်းရွေ့မရမဲ့အတူတူ မစ္စတာဂျွန်၏ပုံရိပ်တွေကို ကောင်းကောင်းမြင်နိုင်မဲ့တစ်နေရာမှာ သားငယ်လေးကိုပိုက်ထားရင်းထိုင်ချလိုက်သည်။
စီးပွားရေးအကြောင်းတွေမှ မိသားစုရေးသို့ရောက်သွားသည့်ပုံရိပ်တွေရယ်..တပေါက်ပေါက်စီးကာကျလာသောမျက်ရည်တွေရယ်။
ဂျောင်ဟယ်လေးကိုလက်တွဲလို့ ဒါဟာကိုယ့်သမီးပါဆိုပြီးမီဒီယာတွေကိုမိတ်ဆက်ပေးနေသည့်မစ္စတာဂျွန်ရဲ့ပုံရိပ်ကသိပ်ကြည့်ကောင်းတာပဲလေ။
ကလေးအဖေလို့ထင်နိုင်စရာတစ်စက်မှမရှိအောင်ခန့်ညားလို့နေတာ။ မီးခိုးရောင်suitနဲ့ ဆီလိမ်းထားကာသပ်သပ်ရပ်ရပ်ဖြီးသင်ထားသည့်အနက်ရောင်ဆံနွယ်တွေ။ အနောက်ကိုလှန်တင်မထားဘဲ နဖူးပေါ်ခပ်ဝဲဝဲလေးချထားတော့ ပိုပြီးလူငယ်ဆန်နေလေသည်။ထိုအချိန်မှာ သူ့ရင်ထဲဗြောင်းဆန်နေခဲ့သည်။ မရိုးသားသည့်အတ္တလေးတစ်ခုလည်းဝင်လာသည်။
ထိုသို့ချောမောခန့်ညားနေသည့်အဲဒီလူကြီးဟာလေ သူ့ရဲ့သားလေးအဖေဆိုလည်းဟုတ်တာပဲလေဟု ကြွေးကြော်လိုက်ချင်သည်။
ဟုတ်သည်။ အဲဒီလူကြီးဟာသူ့သားလေး၏အဖေ။ ယောင်္ကျားလေးတစ်ယောက်ကကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာမဖြစ်နိုင်သော်လည်း သူ့မှာတော့ဖြစ်ပြီးသွားပြီ။ လွန်ခဲ့တဲ့သုံးနှစ်က ကျူးလွန်မိခဲ့ကြသည့်သူတို့နှစ်ဦးသား။ ထိုကျူးလွန်ခဲ့မှုရဲ့အကျိုးဆက်ကလေးဟာ သူ့ဗိုက်ထဲမှာသန္ဓေတည်လာသည့်သားငယ်လေးပေါ့။ မဆီမဆိုင် အဲဒီလူကြီးကသူ့ရဲ့သားလေးအဖေ ပါဟုတွေးမိတော့လည်းရှက်သလိုလိုရွံ့သလိုလိုနဲ့ဂုဏ်ဆာနေမိ၏။
YOU ARE READING
ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]
Fanfiction~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)