7

840 54 8
                                    

[U]

အမှောင်များသာကြီးစိုးနေသောအခန်းငယ်တစ်ခု၌အလင်းရောင်ကမိန်ပျပျ...
သီချင်းငြီးသံ တစ်သိမ့်သိမ့်ရှိုက်သံတို့ကလည်းတိတ်ဆိတ်မှုတို့ပျော်ဝင်နေသောအခန်းငယ်ထဲ၌ကျယ်လောင်စွာထွက်ပေါ်လို့လာသည်။

"နာနင်..ဟင့် ဟန်သဲ နယ်ဂါး..ဟင့်ဟင့်..အီဆဲဆန်းငဲ...အီးဟီးဟင့်...ဆာရာဂျီးဂီး..ဘာရယ်ဆော..ဟင့်"

(A/n::ဟန်းဂုသီချင်းပေမဲ့ရှိုက်ရင်းသီချင်းငြီးနေတာမို့မြန်မာလိုအသံထွက်လေးပဲရေးထားပါတယ်
Song name_ To My Youth )

"မမလေး...ဆေးသောက်ချိန်ရောက်ပါပြီ..."

ထိုအခန်းလေးထဲသို့ခက်ထန်သည့်မျက်နှာထားနှင့်မိန်းကလေးတစ်ဦး ဆေးဗန်းတစ်ခုကိုင်ရင်းရောက်‌လာလေသည်။
ပါးစပ်ကသာချိုမြနေပေမဲ့ မျက်နှာမှာတော့ခပ်တင်းတင်းသာ။

"ဟင့်အင်း..အီးဟီး...မသောက်ဘူး..မသောက်ဘူးလို့...အဲ့အရူးဆေးတွေငါ့ကိုမတိုက်နဲ့...ငါမရူးသေးဘူး..ငါမရူးသေးဘူးလို့.."

လက်နှစ်ဖက်ကရှုပ်ပွနေသော ဆံနွယ်များကိုဆွဲကိုင်ထားရင်း ခေါင်းတခါခါလည်တခါခါဖြင့်အတင်းငြင်းဆန်လျက်ရှိသည်။
ထိုကောင်မလေးကား ခန့်မှန်းချေအသက်20ဝန်းကျင်လောက်ရှိမည်။

"ဒီမှာ..ဆေးသောက်ရမယ်လို့...ပြောနေတယ်လေ..ဒီနားကို..လာခဲ့.."

လက်တစ်ဖက်ဖြင့်ယပ်ခေါ်ရင်း မမလေးဆိုသည့်ကောင်မလေးအနားတိုးသွားလိုက်သည့် မိန်းကလေး..။

"အား..အ့!...ဘာလို့ကိုက်တာလဲ..လွှတ်စမ်းငါ့ကို.."

ရုတ်တရပ်ဆန်လွန်းသည့်အခြေအနေဖြင့်မမလေးဆိုသည့်ကောင်မလေးမှာ သူ့အနားသို့တိုးလာသောမိန်းကလေးရဲ့လက်မောင်းအား ကိုက်ဆွဲပြစ်လိုက်တော့သည်။

"ရူးနေလား..ကောင်မစုတ်ရဲ့..ဖယ်စမ်း..!"

ခပ်ထန်သည့်မျက်နှာထားနှင့်မိန်းကလေးမှာ ဒေါသအရိပ်ယောင်တို့လွှမ်းခြုံနေသည့်မျက်လုံးစိမ်းတို့ဖြင့် သူ့လက်မောင်းအားကိုက်ဆွဲထားသောကောင်မလေးအား ဆံပင်ကိုဆွဲရင်းတွန်းလှဲလိုက်တော့သည်။
ဒါနဲ့တင်အားမရသေး...သူ့လက်မောင်းကိုကိုက်ရကောင်းမလားဆိုပြီး ကောင်မလေး၏ဆံနွယ်များကိုအရင်းကနေဆောင့်ဆွဲရင်း ပါးတွေကိုတစ်ချက်ပြီးတစ်ချက်ဆင့်ဆင့်ရိုက်သည်။
ပါးစပ်ကလည်း....

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Où les histoires vivent. Découvrez maintenant