9

810 52 3
                                    

[U]

နေရီဝင်တယောအချိန်၌ ဟန်မြစ်နံဘေးကလျှောက်လမ်းလေးထက်တွင်အပြုံးကိုယ်စီဖြင့်လူများ သွားလာလှုပ်ရှားလျက်ပင်။

"တစ်ခုခုစားရအောင်..ပိစိ.."

စက်ဘီးပတ်စီးလို့ဝသွားချိန် လျှောက်လမ်းလေးဘေးကခုံတန်း‌လျားပေါ်တွင် နှစ်ဦးသားအတူယှဉ်တွဲထိုင်ရင်းအမောဖြေနေတုန်းမစ္စတာဂျွန်ကစကားစလာသည်။

"မစ္စတာဂျွန်က..ဗိုက်ဆာလို့လား.."

"အော..ကိုယ်ဗိုက်ဆာလို့..ပိစိရော..မဆာဘူးလား.."

"ဆာတယ်လေ..."

"ဟုတ်ပြီ...အဲ့ဆို..ဘာစားမလဲ.."

"အွန်~တော့ပိုကီ.."

"တော့ပိုကီက..ဗိုက်မှမပြည့်တာကိုကွာ.."

"မသိဘူး..တော့ပိုကီ..ပဲစားမှာ.."

ဒီလိုနဲ့အဆိုးလေး၏ဆန္ဒအတိုင်း အနီးနားကလမ်းဘေးဆိုင်လေးတစ်ခုဆီသို့သွားကာ တော့ပိုကီကိုမှာပေးလိုက်ရသည်။
ဒီကလေး..အစပ်လည်း..မကြိုက်ပါပဲနဲ့..မှာလိုက်တာက..တော့ပိုကီစပ်စပ်လေးတဲ့..!

ခဏကြာတော့...

"ရှူးရှဲ..ဟ့..စပ်တယ်..အား..ရှုးရှဲ..မစ္စတာဂျွန်ရေ..လုပ်ပါဦး..စပ်လိုက်ဝာာ.."

မျက်ရည်တွေကလည်းတစ်ပေါက်ပေါက်နဲ့စီးကျနေပြီး အစပ်ဒဏ်ကြောင့်နှုတ်ခမ်းသားတွေကလည်းခပ်ရဲရဲ.. ကြည့်ရင်းကြည့်ရင်းနဲ့ခပ်ရဲရဲနှုတ်ခမ်းတွေကိုဆွဲမွချင်စိတ်ကထိန်းမရ...။

"ဟာ..ဒီဦးလေးကြီးကတော့...စပ်လို့လို့..အီးဟီး..စပ်တယ်လို့..အရူးကြီးရဲ့..ရေယူပေးလို့.."

စပ်လွန်းလို့စကားပြောရတာတောင် လျှာမထိအာမထိ။

"ဟမ်..အော်..အင်းအင်း..ရော့ဒီမှာ‌ကလေး..သောက်လိုက်..သောက်လိုက်.."

တရှူးရှူးတရှဲရှဲလုပ်ကာ နှုတ်ခမ်းလေးကိုဆူထော်ရင်းစကားပြောနေသည့်ကလေးကြောင့် နှုတ်ခမ်းရဲရဲထော်ထော်လေးကိုငေးနေတဲ့ကိုယ်က ငေးမဝနိုင်အောင်ရှိလှသည်။
ကလေးရဲ့ တဟီးဟီးအော်ငိုသံကြားမှာသာအသိစိတ်ကပ်ကာရေထယူပေးမိ၏။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now