18.2

772 59 2
                                    

[U]

သားငယ်ထမင်းစားလို့ပြီးတော့ဆေးတိုက်ပြီးအရုပ်ကလေးနဲ့ဆော့နေခိုင်းခဲ့သည်။ သူကတော့မေမေ့အတွက်နေ့လည်စာပြင်ပေးရန်မီးဖိုချောင်ထဲကိုပြန်သွားလိုက်သည်။ ပြည့်ပြည့်စုံစုံနေနိုင်၊စားနိုင်သူတွေမဟုတ်တော့ ဟင်းအမယ်ဟာလည်းစုံမနေ။ အသားကြော်လေးခပ်နည်းနည်းရယ်၊ အရွက်ကြော်၊ အရည်သောက်ဟင်းချိုနဲ့ကင်မ်ချီလေးရယ်၊ ဒီလောက်ဆိုရင်ပဲသူတို့အတွက်ထမင်းတစ်နပ်ဟာပြည့်စုံနေပါပြီလေ။

မေမေ့အတွက်နေ့လည်စာလေးခူးခပ်ထည့်ကာပြင်ဆင်ရင်း Molangအရုပ်ကလေးနှင့်ထိုင်ကစားနေသည့်သားငယ်ကိုလည်းလှမ်းကြည့်ရသေးသည်။ သားငယ်ဟာသူထားရာနေစေရာသွားမယ့်အလိမ္မာတုံးလေးမှန်းသိသော်လည်း မိဘဆိုတော့မျက်စိဒေါက်ထောက်ကြည့်ကာ ပူရပင်ရသည်။ သားငယ်ကိုကြည့်ရင်းလည်းအတွေးတွေဟာ လူတစ်ယောက်တည်းဆီမှာသာ ရစ်လည်ရစ်လည်ရယ်။

ဟူး..မေ့နိုင်စမ်းပါတော့ ငါ့စိတ်ရယ်..!

ကိုယ့်အတွက်မဟုတ်ခဲ့ပါတဲ့ကိုယ်အပိုင်လိုလိုဖြစ်ခဲ့တဲ့လူကိုသူဟာအစွဲအလမ်းကြီးကိုစွဲလမ်းနေမိသည်။ မေ့ပျောက်ဖို့ကြိုးစားခဲ့တိုင်းလည်းနာကျင်ရတာဟာ သူ့နှလုံးသားလေးသာ။ ဒါကိုလည်းအမှတ်မရှိမေ့ပျောက်ဖို့ကြိုးစားမိပါတုန်းပင်။ သူ့နှလုံးသားလေးလည်းနာကျင်မြဲ ဆက်၍နာကျင်ဆဲပေါ့။

‌ထမင်းစားပွဲလေးကိုကိုင်ကာ မေမေ့အခန်းကိုဦးတည်သွားတော့ သားငယ်လေးကိုတစ်ချက်ကြည့်ခဲ့သေးသည်။ သားငယ်လေးရဲ့အာရုံကတော့သူ့အရုပ်လေးmolangဆီတွင်သာကျောက်ချထား၏။ သူ့ကိုတစ်ချက်တောင်မော့မကြည့်ပါ။ စိတ်ဝင်စားစရာတစ်ခုခုကိုလုပ်နေချိန်မှာလောကကြီးကိုမေ့သွားတတ်တာကတော့သူနှင့်တူသည်ဟုကောက်ချက်ချရလေမလား။ ဟိုလူကြီးနှင့်တူပါသည်ဟုဆွဲတွေးရမလားမသိပါ။

ဒေါက်~ဒေါက်~

တံခါးကိုနှစ်ချက်ဆင့်ခေါက်ပြီး အခန်းထဲကမေမေ့ကိုအသံပေးမိသည်။ သို့သော်အသံပြန်မလာခဲ့။ ထို့ကြောင့်မေမေအိပ်နေသေးသည်ပဲဟုတွေးကာ ကိုယ့်ဖာသာတစ်ဖက်သတ်ခွင့်တောင်းရင်းပဲဝင်လာလိုက်သည်။

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now