18.1

888 56 4
                                    

[U]

3 years later...

ချယ်ရီပန်းတွေတဖန်ပွင့်လာပြန်တာက နွေဦးရာသီကိုကြိုဆိုနေသည့်သဘောဆောင်သည်။ အများသူငှာ၏မြင်ကွင်းမှာ ချယ်ရီတွေငွားငွားစွင့်စွင့်ပွင့်နေပုံကသိပ်ကိုလှနေမလားသိပေမဲ့ သူ့အတွက်တော့မဟုတ်ခဲ့။ ချစ်ရသူ၏ကိုယ်ခန္ဓာအစိတ်အပိုင်း‌တွေကိုစူးစူးစိုက်စိုက်တစ်နေကုန်ထိုင်ကြည့်နေရတာလောက်တောင်လှသည်ဟုမထင်မိပါ။ မျက်ဝန်းညိုညိုလေး‌တွေရယ်၊ နှာတံထိပ်ကမှဲ့နက်လေးရယ်၊ ညာဖက်မျက်လုံးအောက်ကမှဲ့လေးရယ်၊ ဘယ်ဖက်ပါးပြင်ပေါ်ကမှဲ့လေးရယ်၊ လေးထောင့်ခပ်ကျကျစိုစိုရဲရဲနှုတ်ခမ်းပါးပါးလေးရယ်၊ လေးထောင့်ဆန်ဆန်အပြုံးလေးရယ်၊ အွန်း..သူ့ကိုရူးစေခဲ့သည့်ချစ်ရသူ၏ပိုင်ဆိုင်မှုသေးသေးလေးတွေပေါ့။

“ကိုကို..မမတို့ကိုသွားတွေ့ဖို့..အားလုံးအဆင်သင့်ဖြစ်ပြီ..”

သူ့ကိုထိုသို့လာပြောသူဟာညီမလေးပင်။ သူ့ဆီရောက်လို့ပုံမှန်စိတ်ပြန်ဖြစ်သွားသည့်ညီမလေးဟာ မာမီ့စနက်တွေကြောင့် စိတ်နောက်သွားခဲ့ရတာပင်။ ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးလိုက်ပြီး တစ်ချက်ပြုံးပြကာ..

“ဟုတ်ပြီ..ကိုကိုလည်းအဆင်သင့်ဖြစ်နေပြီရယ်..”

“အာ..ကိုကိုရာ..မီက ကလေးမဟုတ်တော့ပါဘူးဆို..ခေါင်းပဲပုတ်နေတယ်..ဆံပင်တွေပွကုန်ပြီလားမသိဘူး..”

သူ့ဆံပင်သူပြန်သပ်ချရင်း စူအောင့်အောင့်နှင့်ပြောနေသည့်ညီမလေး။ ဒီကောင်မလေးဟာလေ အခုတော့ဒီအစ်ကိုကိုငြိုငြင်နေပြီပေါ့။

“ငြိုငြင်တာလား..ညီမလေးက..”

ခပ်မော့မော့မျက်နှာပေးဖြင့် မျက်လုံးများမှေးကျဉ်းကာပြောလိုက်တော့ ညီမလေးဟာပြာပြာသလဲငြင်းဆိုလာသည်။ ကိုယ့်ညီမလေးမို့ပြောတာမဟုတ်ဘူး ဒီကောင်မလေးဟာသိပ်လည်းရိုးသားပါ့လေ စလို့စနေမှန်းတောင်မသိဘူးတဲ့။

“မဟုတ်တာကိုကိုရယ်..ထပ်ပုတ်ချင်သေးလား..ပုတ်နော်..မီမပြောတော့ဘူး..မီ့ဆံပင်တွေရှုပ်ပွသွားလည်းရတယ်..ထပ်ဖြီးလို့ရတာပဲ..မီ့ကိုတော့ပြစ်မထားခဲ့ပါနဲ့နော်..”

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Where stories live. Discover now