[U]
လောကကြီးကိုအမှောင်ဖုံးလွှမ်းနေခဲ့တယ်။
မသေချာမရေရာတဲ့ခြေလှမ်းတွေနဲ့ ဝိုးတဝါးသာမြင်နေရသောပန်းတိုင်ကိုလျှောက်လှမ်းနေခဲ့တယ်။
တစ်နေ့နေ့တော့ လမဟုတ်တဲ့နေ ဖြစ်ကြည့်ချင်စမ်းပါရဲ့။အန္တရာယ်များလွန်းပြီးချောက်ကမ်းပါးအစွန်မှာရပ်နေရသလိုနေရတဲ့သူတို့ဘဝတွေမှာကိုယ်တန်ဖိုးထားမြတ်နိုးရာတစ်ခုကိုလက်လွတ်စပယ်ပြစ်ထားလို့မဖြစ်ပေ။ ထို့ကြောင့်စောင့်ကြည့်ကာကွယ်ရန်သက်တော်စောင့်ဆိုတာအမြဲထားရှိပေးထားရစမြဲသာ။ ကာယကံရှင်ကိုယ်တိုင်ကတော့မသိသော်ငြားပေါ့။
"ဥက္ကဌကြီး..သခင်လေးကင်မ်ထယ်ယောင်း..အကြောင်းကို..သူဌေးကတော်ကြီး..သိသွားပါပြီ.."
ကြိုတွေးထားပြီးသားဖြစ်ရပ်မို့ထူးထွေပြီးအံ့ဩမနေတော့ပါ။
"ဟုတ်ပြီ..ဆက်စောင့်ကြည့်ထားပေးပါဦး..အတွင်းရေးမှုးဂျန်.."
"ဟုတ်ကဲ့ပါ..ဥက္ကဌကြီး.."
အတွင်းရေးမှုးဂျန်ကဦးညွှတ်ကာထွက်သွားတော့ ဂျောင်ဂုအခန်းထဲတွင်တစ်ယောက်ထဲသာကျန်ခဲ့၏။ ထို့အချိန်မှာဂျောင်ဂုတစ်ယောက်သက်ပြင်းယဲ့ယဲ့သာချမိသည်။ ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်များ ဒီဘဝမှာမလွတ်နိုင်မလပ်နိုင်ဖြစ်နေရပါသနည်း။
"ဟျောင့်..မှိုင်နေတာပဲ..ဘာဖြစ်နေတာလဲ.."
အခန်းထဲကိုဝုန်းခနဲဒိုင်းခနဲဝင်လာသောbambamနဲ့အွန်းဝူကြောင့်ဆွေးနေသည့်ခံစားချက်လေးတောင်ဘယ်ကမ္ဘာသို့လွင့်စင်သွားသည်မသိ။
"လူလိုဝင်လာကြပါ..နွားတွေရဲ့.."
ဂျောင်ဂု၏ခပ်ချဉ်ချဉ်အပြောကြောင့်bambamနဲ့အွန်းဝူ၏မျက်နှာမှာမဲ့ခနဲ။
သူပဲနွားလည်းပြောသေး..လူလို့ဝင်လာကြပါဆိုတော့..ဒီကလူတွေကဘာပြန်ပြောရတော့မှာလဲ..!"တော်စမ်းပါကွာ..ဒါငါတို့ဝင်လာနေကြပဲ..ငါမေးတာသာဖြေ.."
Bambam၏အပြောကြောင့်ဂျောင်ဂုမှာခုဏကလေနှင့်လွင့်သွားသောခံစားချက်လေးအားပြန်ခေါ်လိုက်ရသည်။ တစ်ဆက်တည်းမှာပဲတွေးမိသွားတာက သူဒီကောင်တွေကိုတိုင်ပင်ရင်တော့အကြံကောင်းတစ်ခုခုတော့ထွက်လာနိုင်လောက်သည်ဟူ၍ပင်။
YOU ARE READING
ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]
Fanfiction~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)