2

1.4K 70 10
                                    

[U]

“ကိုကို့ဆီလိုက်ပို့~အီးဟီး! ကိုကို့ဆီလိုက်ပို့လို့ဆို ဒယ်ဒီ! ဒယ်ဒီပြောတော့ ကိုကိုနဲ့နောက်တစ်ခေါက်ထပ်တွေ့ခိုင်းမယ်ဆို အဲ့ဒါလိုက်ပို့လို့ အခုလိုက်ပို့”

“သမီးလေး မဆိုးစမ်းနဲ့မာမီတို့အလုပ်မအားသေးဘူးလို့ပြောနေတယ်လေ”

“ဟာ!! ဒယ်ဒီ မာမီ့ကိုကူပြောပေးပါဦး”

“ဂျောင်ဟယ် သမီးကိုကိုကဘယ်နားမှာနေတာလဲ သိလို့လား မသိဘဲနဲ့သွားလို့မရဘူးလေ”

“သိတယ်! သိတယ် သမီးသိတယ် ဒယ်ဒီ”

ဂျောင်ဟယ်ကအားရဝမ်းသာနဲ့အကျယ်ကြီးအော်ပြောလေသည်။
သူကကိုကို့ကိုသိပ်တွေ့ချင်နေတာလေ။

“ဟုတ်လား ဒါဆိုလည်းသွားတာပေါ့..! ဒါပေမဲ့နေ့လယ်မှ အခုတော့သမီးစာအရင်သင်ဟုတ်ပြီလား စောင့်နေတဲ့တီချယ်ကိုအားနာစရာကြီး..!”

“ဂျွန်! နေ့လယ်ကျရင်..တို့ကဂျွန်နဲ့အတူတူအစည်းဝေးလုပ်ရဦးမှာလေ”

“မင်းအသာနေစမ်းပါ ဂျီဟယ်!! ငါ့ဖာသာသမီးကိုလိုက်ပို့မှာပါ~”

“ဂျွန်ဘယ်တုန်းက ဖခင်တစ်ယောက်ရဲ့တာဝန်တွေကိုသိတတ်သွားရတာလဲ”

“ဖခင်တစ်ယောက်ရဲ့တာဝန်~အဟက်!!”

သူ့လိုသံယောင်လိုက်ကာပြောလိုက်တော့..ဟွမ်ဂျီဟယ်၏မျက်နှာရုတ်ခြည်းပျက်သွားရသည်။
ဂျွန်ကသိနေတာလား!!

“အေးပါမင်းပြောသလို ဖခင်တစ်ယောက်ရဲ့တာဝန် အဲ့ဒါအခုကစပြီးလုပ်ပေးရင်ဖြစ်တာပဲလေ”

ဟွမ်ဂျီဟယ်မျက်နှာပျက်သွားပေမဲ့ အလျင်မြန်ပဲပြန်ထိန်းလိုက်ပြီး ဂျွန့်ကိုစကားဆက်မပြောတော့ပဲ တစ်ချက်ကြည့်ပြီးသာထွက်သွားတော့သည်။

ဟွမ်ဂျီဟယ်! မင်းကငါ့ကိုလွန်ခဲ့တဲ့7နှစ်ကရောအခုရောလျှော့တွက်နေတုန်းပဲ~

“ဒယ်ဒီ! အဟင့်~မာမီကသမီးကိုစိတ်ဆိုးသွားတာလားဟင်”

ဂျောင်ဟယ်ကမျက်ရည်ကြည်ရစ်သိုင်းနေတဲ့မျက်ဝန်းလေးတွေနဲ့စကားဆိုလာသည်။

“ဟင့်အင်း သမီးကိုမဟုတ်ပါဘူး ဒယ်ဒီ့ကိုပါ..! သွားတော့အခန်းထဲကိုတီချယ်စောင့်နေတယ်!”

ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]Donde viven las historias. Descúbrelo ahora