[U]
"တောက်ခ်!!"
အတွင်းရေးမှုးချွဲပေးလာတဲ့သားဓာတ်ပုံတွေကိုကြည့်ပြီးသူမဒေါသတွေအလိပ်လိပ်ထွက်လာရသည်။
ဘယ်လိုဖြစ်လို့..သူတို့နှစ်ယောက်လုံးက..သိပ်တူနေကြရတာလဲ..!
"အဲဒီ့ကောင်လေးက..ဘယ်သူလဲ..ဘယ်ကကောင်မို့..ငါ့သားကအဲ့လိုပုံစံဖြစ်နေရတာလဲ.."
သူမရှေ့ကအတွင်းရေးမှုးချွဲကို ခုဏကဓာတ်ပုံတွေဖြင့်ပြစ်ပေါက်ရင်းအော်ပြောလိုက်သည်။
"အဲ..အဲ့ကောင်လေးနာမည်က..ကင်မ်ထယ်ယောင်းပါတဲ့..အထက်တန်းနောက်ဆုံးနှစ်ပါ.."
"ငါသိချင်တာ..သူရဲ့ကိုယ်ရေးအချက်အလက်..မဟုတ်ဘူးဟဲ့.."
သူမထိုသို့ထပ်ပြောလိုက်တော့ အတွင်းရေးမှုးချွဲခမျာ ကြမ်းပြင်ကိုမျက်နှာအပ်လျက်ဒူးထောက်ထိုင်ချလိုက်ရင်း..
"ကျ..ကျွန်တော်..ထပ်..ထပ်ပြီး..စုံစမ်းလိုက်ပါ့မယ်..သူဌေးကတော်.."
ပြောပြီးချက်ချင်းလစ်ထွက်သွားသည့်အတွင်းရေးမှုးချွဲက ဘယ်အချိန်ကတည်းကထိုအခန်းထဲကထွက်ချင်နေမှန်းမသိ။
"တောက်ခ်!!..ဂျွန်ဂျောင်ဂု..မင်းကိုတော့..ငါ့သားဆိုပြီး..သတ်မှတ်ထားခဲ့တာကို..ငါ့အပေါ်..ဒီလိုလုပ်ရက်တယ်ပေါ့..အဟက်!..အဲ့တော့ရော..ငါကဘာလုပ်ရမှာလဲ..တစ်ခါသွေးစွန်းပြီသားလက်က..နောက်တစ်ခါထပ်သွေးစွန်းခံဖို့..ဝန်မလေးဘူး!!.."
ဒေါသတကြီးအော်ဟစ်ပြောဆိုနေရာကနေ မဲ့ပြုံးတစ်ချက်ကိုဆင်မြန်းလိုက်သည့်သူမ...။
ပူလောင်လိုက်လေခြင်း..။"ဂျွန်ဂျောင်ဂု..သားသိလား..မာမီကလေ..လောကကြီးမှာ..ကိုယ့်ကိုကိုယ်အချစ်ဆုံး..ဟားဟား..ဟားဟား.."
တဟားဟားဖြင့်အော်ရယ်နေပြန်သည့်သူမစိတ်ရောဂါသည်တစ်ယောက်လို။
နှုတ်ခမ်းသားကခပ်ရဲရဲ။ အဝတ်အစားကခပ်တောက်တောက်။ ဒေါက်ဖိနပ်အချွန်ကခပ်မြင့်မြင့်။ ဘယ်လိုကြည့်ကြည့်သူမဟာအသက်50ကျော်..ဇရာထောင်းနေပြီဖြစ်သည့်အရွယ်ဆိုတာယုံနိုင်စရာမရှိ။
တစ်ဘဝလုံးချမ်းချမ်းသာသာနှင့်ငွေပုံပေါ်မှာပဲနေလာခဲ့တဲ့သူမကစုတ်စုတ်နုတ်နုတ်ပုံစံဖြစ်နေမှပိုထူးဆန်းနေမည်မဟုတ်ပေဘူးလား။ နှုတ်ခမ်းသားခပ်ရဲရဲကိုကြည့်ရုံနဲ့တင်သူမဟာအတ္တတို့ဖုံးလွှမ်းနေမှန်းသိသာသည်။ အဝတ်အစားခပ်တောက်တောက်ကိုကြည့်ရုံနဲ့တင်သူမဟာကိုယ့်ကိုကိုယ်အချစ်ဆုံးဆိုတာမြင်နိုင်သည်။ ဒေါက်ဖိနပ်အချွန်ခပ်မြင့်မြင့်ကိုကြည့်ရုံနဲ့တင်သူမဟာနှိမ့်ချတတ်သူတစ်ယောက်မဟုတ်ကြောင်းမြင်သာသည်။ အပြုအမူအပြောအဆိုတို့ကိုကြည်ရုံနှင့်လည်းသူမဟာဆိုက်ကိုတစ်ယောက်မှန်းထင်ရှားသည်။
YOU ARE READING
ᒪ O ᐯ ᕮ ᗰ I ᖇ ᕮ [Completed]
Fanfiction~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)