1

253 3 0
                                    

Zawgyi

"ဒီမှာ မက်သရူးကြိုက်တဲ့ ကိတ်မုန့်ကိုယ်ဝယ်လာတယ်"

မက်သရူး ဟန်ဘင်းကိုဖက်ရင်းပြလိုက်သည်...
ဟန်ဘင်းကတော့ မက်သရူးရဲ့ခေါင်းကိုဖွဖွလေးပုတ်ပေးရင်း...

"ဒီနေ့ ကိုယ်ဘယ်အချိန်လာကြိုရမလဲ"

"မကြိုနဲ့တော့ ကိုကို
ဒီနေ့ အလုပ်လေးတွေလက်စသပ်စရာရှိသေးတယ်"

မက်သရူးက Dear violinist jewelryဆိုင်ခွဲရဲ့ jewelry designerတစ်ဦးဖြစ်သလို ဆိုင်ရဲ့ပိုင်ရှင်ဆိုလဲ မမှားပေ..
Dear violinist jewelry companyရဲ့ CEOကတော့ မက်သရူးနဲ့မကြာခင်လက်ထပ်ဖို့စေ့စပ်ထားတဲ့ ကိုကိုဖြစ်သည်...

"ကိုကို အားတဲ့နေ့ကျရင် ခရီးတူတူထွက်ရအောင်"

"ဟုတ်ပီလေ မက်သရူး ရှန်ဟိုင်းကိုမသွားခင် ခရီးတိုလေးတခုထွက်ရအောင် စီစဉ်ပေးမယ်"

"အဲ့တာကြောင့်ကိုကို့ကိုချစ်တာ
ကိုကိုနဲ့တခါမှအကြာကြီးတခွဲဖူးတော့ တလလောက်ခွဲရမှာကိုစိတ်ထဲမှာနေလို့မကောင်းဘူး"

ကိုကိုကတော့ မက်သရူးပြောတာတွေကိုနားထောင်ရင်းပြုံးစိစိလုပ်နေသည်..

"ဘာလို့ပြုံးနေတာလဲ"

"ဘာဖြစ်လို့လဲ မက်သရူးရဲ့"

မက်သရူးကိုကို့ရဲ့ပြုံးနေတဲ့နှုတ်ခမ်းကို ဖြတ်ကနဲနမ်းလိုက်ရင်း...

"နှလုံးသားလေးအခုန်မြန်နေတာထိန်းမရတော့လို့"

ကိုကို့ကထပ်ပြုံးတယ်..
မက်သရူးကတော့ရိုးရိုးရှင်းရှင်းပဲကိုကို့အပြုံးတွေကိုငေးနေခဲ့တယ်...

'ဒီလိုလေးတသက်လုံးကိုကို့နားမှာပေီး ကိုကို့အပြုံးတွေကိုကြည့်ခွင့်ရရင်ယ်လောက်တောင်ကောင်းလိမ့်လဲ ကိုကို'
.
.
.
.
.
.
.
.
.
.
.
.
ဟန်ဘင်း ရုံးခန်းထဲရောက်တော့ စားပွဲခုံပေါ်မှာ ရောက်နေတဲ့အနက်‌ရောင်နှင်းဆီ‌တွေ...
ထို့အတူ ပန်းစည်းနဲ့အတူပါလာတဲ့ post cardတခု..

'I will never forgive you'

ဟန်ဘင်း ပန်းစည်းတွေကိုဆိုဖာပေါ်ကိုချလိုက်ပီး post cardကို စားပွဲခုံရဲ့ဘယ်ဘက်အံဆွဲထဲထည့်လိုက်သည်..
ထိုအံဆွဲထဲမှာ ပုံသဏ္ဌာန်တူ post cardတွေကအပြည့်ပင်..

'Even if our love is a mistake....'Where stories live. Discover now