Zawgyi
"မက်သရူး...!!!"
သူ့ရဲ့ရှေ့မှာလဲကျသွားတဲ့သရူးရဲ့ခန္ဓာကိုယ်ဟာသွေးအိုင်ထဲတွင်လဲလျက်သား...
မက်သရူးကိုတိုက်ခဲ့သည့်ကားကတော့ သူ့နှင့်မဆိုင်သလိုထွက်ပြေးသွားသည်..."မက်သရူး မက်သရူး"
သူသွေးရူးသွေးတမ်းမက်သရူးနယမည်က်ုသာအော်ခေါ်နေမိသည်...
မက်သရူးကိုရင်ခွင်ထဲမှာထည့်ထားရင်း သူ့ကိုထားမသွားပါနဲ့လို့သာပြောနေမိသည်...
မက်သရူးကသူ့ကိုကြည့်ရင်း ပြုံးသည်..
ထို့နောက် မက်သရူးကိုဘယ်လိုမှခေါ်လို့မရတော့ပေ.."မက်သရူး!!!!"
*တီ တီ*
ဟန်ဘင်း ကားဟွန်းတီးသံကြောင့်နောက်ကိုလှည့်ကြည့်တော့ ကားပေါ်ကအကိုဂျီအွန်းကဆင်းလာသည်...
"အကိုဂျီအွန်း"
ဟန်ဘင်းအရင်တုန်းကလိုအားကိုးရသွားသလိုမျိုး အကိုဂျီအွန်းရောက်လာချိန်မှာခံစားလိုက်ရသည်...
"ဟန်ဘင်း ငါမင်းတို့ကိုဆေးရုံလိုက်ပို့ပေးမယ်"
ဟန်ဘင်း မက်သရူးကိုအကိုဂျီအွန်းကားပေါ်ပွေ့တင်လိုက်သည်...
တလမ်းလို့ မက်သရူးကိုရင်ခွင်ထဲမှာထားထားပီး သူ့ရဲ့လက်ချောင်းဖြူဖြူတို့ကိုဆုပ်ကိုင်ကာ မျက်ရည်ကျမိသည်..
အကုန်သူ့အမှားတွေသာ...
ဒီကလေးရော အကိုရောမှဘာအပြစ်မှရှိတာမဟုတ်..
သူကနှစ်ယောက်လုံးကိုနာကျင်စေခဲ့မိသည်...သူ့ဘ၀မှာအကာကွယ်ပေးချင်ဆုံးလူနှစ်ယောက်သာရှိသည်...
အကိုရယ် မက်သရူးရယ်
မက်သရူးက သူ့ရဲ့ဘ၀အမှောင်မိုက်ဆုံးအခြေအနေမှာသူနဲ့အတူရှိနေပေးခဲ့တဲ့တစ်ဦးတည်းသောသူ...
သူဘယ်လိုလုပ် မက်သရူးကို ဒီလိုဖြစ်တာမြင်ချင့်ပါ့မလဲ...သူမက်သရူးလက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်...
"မက်သရူး ကိုယ့်ကိုထားမသွားပါနဲ့
မင်းပါမရှိရင် ကိုယ်တကယ် ကိုယ်တကယ် ဘယ်လိုရှေ့ဆက်ရမှန်းမသိတော့ဘူး"ဂျီအွန်း ကားမှန်ကနေ နောက်ခန်းမှာ ငိုကြွေးပီးမဖြည်ဆည်နိုင်ဖြစ်နေတဲ့ သူ့ညီအရင်းလိုခင်ခဲ့ရတဲ့ ဟန်ဘင်းရယ် သူ့ရင်ခွင်ထဲမှာသွေးအလိမ်းလိမ်းဖြင့်လဲနေသည့်ကောင်လေးရယ်ကိုကြည့်လိုက်ရင်း သက်ပြင်းချမိသည်...
YOU ARE READING
'Even if our love is a mistake....'
Fanfiction'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp