16

614 54 3
                                    

Unicode

"ဘာ!!
ဆောင်းဟန်ဘင်းက ငါ့ကိုတိုင်ချက်ဖွင့်ထားတယ်ပေါ့"

အခန်းထဲကအနက်ရောင်၀တ်စုံနဲ့လူတွေ‌အားလုံး‌အားလုံးထိုလူ့အားကြောက်ရွံ့စွာခေါင်းငုံ့ထားကြသည်...

"ဆောင်းဟန်ဘင်း
မင်းက ငါနဲ့ကစားချင်တယ်ဆိုမှတော့ ငါကလဲအပျင်းပြေမင်းနဲ့ဆော့ပေးရတာပေါ့"

ထိုလူ့ရဲ့ရယ်မောမောသံဟာအခန်းထဲခုလုံးကိုလွှမ်းခြံုသွားလေသည်...
ဆောင်းဟန်ဘင်းဆိုသည့်ကောင်လေးက သူ့ကိုတနည်းမဟုတ်တနည်းမကောင်းတာတွေပဲဖြစ်စေခဲ့တဲ့သူတစ်ယောက်...
အစကတည်းက သူအလွတ်မပေးခဲ့သင့်တဲ့လူတစ်ယောက်...

တချိန်က မိဘမဲ့ကလေးသုံးယောက်ကိုဆုံးသွားတဲ့ တနည်းပြောရရင် သူကိုယ်တိုင်သတ်ပစ်ခဲ့တဲ့သူရဲ့ဇနီးဖြစ်သူကမွေးစားခဲ့သည်...
အဲဒီထဲကတစ်ယောက်က ဆောင်းဟန်ဘင်း...
ကျန်းဟာအိုကို သူ့ရဲ့အမိန့်တွေဖီဆန်လာအောင်လုပ်တဲ့သူ...
အစကတည်းက သူ့ကိုသတ်ပစ်ဖို့စီစဉ်ခဲ့သည်
သူ ဒါမှမဟုတ်ရင် ကျန်းဟာအို...

ဒါပေမဲ့ သူ့ကိုအထင်သေးမိခဲ့သည်ဟုပဲပြောရမလား
အလွတ်ပေးခဲ့မိသည်...
အဲဒီလိုအလွတ်ပေးခဲ့မိလို့ အခုလိုသူ့ကိုထိဖို့‌ထိုကောင်လေးကကြိုးစားလာသည်...
ဒါပေမဲ့ဒီတခါတော့သူအလွတ်ပေးမှာမဟူတ်တော့..

"ဟာအိုရေ မင်းရဲ့မားမား‌နောက်ကို မင်းချစ်ရတဲ့သူကိုပို့ပေးရတော့မယ်ထင်တယ်"

သူ အံဆွဲထဲကသေနတ်ကိုထုတ်လိုက်သည်...
သေနတ်...
သူအချစ်ရဆုံးလူကို သူမရဲ့သားဖြစ်သူရှေ့မှာပစ်သတ်ခဲ့တဲ့လက်နက်...
အခု သူမသားရဲ့အချစ်ရဆုံးလူကို သူ့ရဲ့ရှေ့မှာပစ်သတ်မဲ့လက်နက်....
ဒါမှမဟုတ် ကျန်းဟာအိုကိုယ်တိုင်သတ်မယ်ဆိုလဲ ပျော်စရာကောင်းမယ်ထင်ပါ့...
.
.
.
.
.
.
.
.
"ကျွန်တော်သိတယ်
ခင်များ ကိုကိုနဲ့သူ့အကြောင်းတွေသိနေတယ်ဆိုတာ
အဲ့တာကြောင့် ကျွန်တော့ကိုပြောပြပေးပါ ဒေါက်တာ"

မက်သရူးတကယ်ကိုကိုနဲ့သူ့အကြောင်းကိုသိချင်မိသည်...
သို့သော် ထိုအကြောင်းကိုသိသူတွေတဦးတယောက်ကမှသူ့ကိုထိုအကြောင်းပြောမည်မဟုတ်မှန်းလဲသိသည်...
သူမှတ်မိသည်က ဆေးရုံတက်စဉ် ဒေါက်တာထယ်ရယ် ဂျီအွန်းဆိုတဲ့သူ ရစ်ခီဆိုတဲ့သူ ပီးတော့ကိုကို သူတို့အားလုံးကတစ်ယောက်က်ုတစ်ယောက်အချိန်ကြာကြာသိခဲ့ပုံရသည်...
ထို့ကြောင့် ဒေါက်တာ ထယ်ရယ်ကိုဆက်သွယ်နိုင်မဲ့နည်းလမ်းစုံစမ်းဖြစ်ခဲ့ခြင်းပင်...

'Even if our love is a mistake....'Where stories live. Discover now