5

855 74 4
                                    

Unicode

ကိုကိုနှင့်ထိုသူတစ်ချိန်ထဲပျောက်သွားချိန်မှစပီး
မက်သရူးစိတ်တွေယောက်ယက်ခက်ကာ
စိတ်ပူလာရသည်...
ပွဲတခုလုံးမှာလိုက်ရှာသော်လည်း
အရိပ်ပင်မဖမ်းေတွ့ရပေ..

လူအများနဲ့ဝေးတဲ့တနေရာမှာ ရပ်နေတဲ့အနက်ရောင် မျက်နှာဖုံးနဲ့သူဟာ ကိုကိုနဲ့တူလှသည်...
မျက်နှာဖုံးကြောင့်ရော အဝေးကဖြစ်နေတာကြောင့်ပါ မက်သရူးသေချာမခွဲခြားနိုင်...

"ကိုကို!!"

မက်သရူးအသံကြားတော့ထိုသူကလှည့်ကြည့်လာသည်..
သူ၀တ်ထားတဲ့အ၀တ်အစားနဲ့ ကိုကို၀တ်ထားသည်နှင့်မတူတာကို မက်သရူးအခုမှသတိထားမိတော့သည်..

"တောင်းပန်ပါတယ် လူမှားသွားတာပါ"

ထိုသူကဘာမှပြန်မပြောပေ..
မက်သရူးလဲ ထိုသူ့ကိုလျစ်လျူရှုလိုက်ပီး ကိုကို့ကိုသာဆက်ရှာလိုက်တော့သည်...

"မက်သရူး"

မက်စရူးလက်ကိုဆွဲလာတဲ့ ကိုကို့အသံတွေဟာ တုန်ရီနေသလို မျက်၀န်းတို့ဟာလဲ နီရဲနေလေသည်..

"ကိုကို ဘာဖြစ်လာတာလဲ
ဟိုလူကိုကို့ကို ဘာလုပ်လိုက်လို့လဲ"

ကိုကိုက အနည်းငယ်အံ့ဩသွားပုံပေါ်သည်...

"အကိုဟာအိုနဲ့အကြောင်း မက်သရူးသိနေတာလား"

မက်သရူး ခနဲ့ကာရယ်လိုက်မိသည်...

"မသိတာကမှ ပိုထူးဆန်းတာမလားကိုကို
တခြားဟာတော့သေချာမသိပေမဲ့ သူကကိုကို့ကို နာကျင်အောင်လုပ်ခဲ့တာတော့ကျွန်တော်သိတယ်"

ကိုကို့မျက်၀န်းအိမ်မှာ
မျက်ရည်စတွေပြန်နေရာယူလာပီး...

"ကိုယ်ကသာ သူ့ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူပါ
မက်သရူး
ကိုယ်ကသာ သူ့ကိုစွန့်ပစ်ခဲ့ပီး ကိုယ်ကသာ သူ့ကိုစိတ်ဒဏ်ရာတွေပေးခဲ့မိတာ"

မက်သရူး တုန်ရီနေတဲ့ကိုကို့ကို ဖက်ထားလိုက်သည်..

"ကိုကို မငိုပါနဲ့
ကိုကိုတခြားသူကြောင့်မငိုပါနဲ့"

'အထူးသဖြင့် သူ့ကြောင့်နဲ့ ကျွန်တော့ရှေ့မှာကိုကိုမျက်ရည်မကျပါနဲ့
ကျွန်တော့အတွက်မတရားဘူးမလားကိုကို
သူ့ကြောင့်၀မ်းနည်းနေတဲ့ကိုကို့ကိုကြည့်ရင်း ကျွန်တော်ကနာကျင်နေရတာ တကယ်တရားဘူး'
.
.
.
.
.
.
.
.
.
.
'ယူဂျင်း ကိုယ့်ကိုလာခေါ်ပေးလို့ရမလား'

'Even if our love is a mistake....'Where stories live. Discover now