10

289 4 0
                                    

Zawgyi

ဒီနေ့ ဟန်ဘင်းနဲ့မက်သရူးတို့ရဲ့ anniversary..
တနည်းjewelry designသစ်မိတ်ဆက်ပွဲ..
ဒီ designသစ်ကို ထုတ်ဖော်ပြသနိုင်ဖို့ ဟန်ဘင်းနဲ့
မက်သရူး နှစ်အတော်ကြာကြိုးစားခဲ့ရသည်...
ဒီမိတ်ဆက်ပွဲမှာ တနိုင်ငံလုံးက ဂုဏ်သရည်ရှိ သူဌေးကြီးတွေအပြင် အလှအပကြိုက်နှစ်သက်သူ အမိုးသမီးများလည်းတက်ရောက်ကြသည်...
ထိုပြင် ဒီနေ့လူစည်နေသည့် အဓိကအကြောင်းပြချက်က အသက်ငယ်ငယ်ချောချော violinist ကျန်းဟာအိုကြောင့်ပင်...

ကျန့်ဟောက် ဒုတိယထက် ပြတင်းပေါင်မှန်ကနေ အောက်ကိုကြည့်လိုက်တော့ အလင်းရောင်တဖြတ်ဖြတ်ဖြင့် ကင်မရာများ ၀တ်ကောင်းစားလှဝတ်ထားကြသည့်လူများ အဆက်မပြတ်ဝင်ထွက်ေနသည့် ကားများကိုမြင်လိုက်ရသည်..

"အကိုလေး စိတ်လှုပ်ရှားနေတာလား"

Jiwoongရဲ့အမေးကို ကျန့်ဟောက်ဘာမှမဖြေမိ..
လက်ထဲကဆေးဖြူဖြူပြားများကို ပါးစပ်ထဲသို့သာထည့်လိုက်သည်...

"သွားကြရအောင်
ဒီနေ့ဇာတ်လမ်းပုဒ်ကပြဖို့ရှိတာ ဘယ်လိုလုပ်နောက်ကျလို့ဖြစ်ပါ့မလဲ"

ကျန့်ဟောက် သူ၏လက်သူကြွယ်မှ ရွှေရောင် လက်စွပ်ပါးလေးကိုထိရင်းပြောလိုက်သည်...
.
.
.
.
.
.
.
.
.
.
ဟန်ဘင်း အတော်ပင်စိတ်လှု့ပ်ရှားနေသည်..
ပုံမှန်ဆိုလျှင် သူသည်အနေအေးသူဖြစ်သည့်အလျောက် လူကြားထဲပွဲတက်ခြင်းကိုရှောင်လေ့ရှိသည်...
မဖြစ်မနေတက်ရောက်ရသည့်ပွဲများတွင်လည်း သူ့ဘေးမှာအမြဲမက်သရူးကရှိနေပေးတတ်သည်...

"ဒီနေ့ ပွဲကို တက်ရောက်မဲ့လူစာရင်းတချက်ပြပေးပါ"

အတွင်းရေးမှူးမလေးက ဟန်ဘင်းလက်ထဲကို ဖိုင်တွဲတခုထည့်ပေးလာသည်...
ဟန်ဘင်း နာမည်တခုကိုအချိန်အကြာလိုက်ရှာမိနေပီး မပါသာသေချာမှသာ စိတ်အေးသွားတော့သည်...
ဟန်ဘင်း စီပွားရေးလှုပ်ငန်းထဲဝင်ကတည်းက ထိုလူနဲ့ဝေးနိုင်သမျှဝေးဝေးနေခဲ့သည်..
ဒီလိုပွဲလမ်းသဘင်ဖိတ်ဖို့မဆိုနှင့် သူတက်ရောက်သည့်ပွဲဆိုလျှင်တောင် ဟန်ဘင်းမသွားဖို့ဆုံးဖြတ်တတ်သည်..
အခုလို အကိုရှိနေသည့် ပွဲမှာဆိုရင် သူပိုပီးသတိထားသင့်သည်လေ...

'Even if our love is a mistake....'Where stories live. Discover now