8

679 84 10
                                    

Unicode

ဒီနေ့လဲ ဆေးခန်းရှေ့ကိုရောက်လာပြန်တဲ့ရစ်ခီ့ကို ထယ်ရယ် မျက်ကွယ်ပြုထားလိုက်သည်...
သူတခါ ထိုလူ့ကိုနှလုံးသားပေးခဲ့ဖူးပါသည်..
သို့သော် ရင်ကွဲခြင်းနှင့်သာအဆုံးသတ်ခဲ့ရသည်..
ယခုတခါမှာ သူမရူးမိုက်ချင်သော်လည်း အမှတ်မရှိသည့်နှလုံးသားကတော့ သူတစ်ယောက်သာ...

ဆေးခန်းပိတ်ပီး ကားပေါ်တက်တော့ သူ့ကားနားကို
ရစ်ခီလမ်းလျှောက်လာပီး noteစာရွက်ကိုပြလာလေသည်..

'ကိုယ်တို့စကားပြောရအောင်ဒေါက်တာလေး'

ထယ်ရယ် မမြင်သည့်အတိုင်းဖြင့် လီဗာကိုနင်းကာထွက်ရန်ပြုတော့ ကားရှေ့ရုတ်တရတ်ပိတ်ရပ်လိုက်တဲ့ ရစ်ခီကြောင့် အမြန်ပင် ဘရိတ်အုပ်ပစ်လိုက်ရသည်...

"မင်းရူးနေတာလား ရစ်ခီ!!"

ဒေါသတကြီးထွက်လာတဲ့ ထယ်ရယ့်ကိုကြည့်ရင်း သူလုပ်ရမှာတစ်၀က်ကျော်အောင်မြင်ပီမှန်းသိလိလိုက်သည်...
ကမ်င်ထယ်ရယ်ဘယ်လောက်စိတ်ပြတ်သားသည်ဖြစ်ပါစေ ဘယ်တုန်းကများ ရစ်ခီဆိုသည့်သူ့ကိုစိတ်ပြတ်နိုင်လို့လဲ...

"မင်းတကယ်ရူးနေတာလား"

ရစ်ခီ ပါးစပ်လှုပ်ရုံသာပြောလိုက်သည်..
အသံမထွက်သော်လည်း ဖြေးညှင်းတဲ့သူ့ရဲ့ပါးစပ်လှုပ်တဲ့ပုံစံကိုကြည့်ရင်း ရစ်ခီဘာပြောနေသည်မှန်း ထယ်ရယ်သိလိုက်သည်..

'ကိုယ်ရူးနေတာဖြစ်မယ်
ကိုယ်လိုအရူးကို မင်းအခွင့်အရေးတခုပေးနိုင်မလား'

"ရူးရင်လည်း မင်းတစ်ယောက်ထဲဆက်ရူးနေလိုက် ရစ်ခီ ငါကတော့မင်းစီပြန်လာပီးအရူးဖြစ်မခံနိုင်ဘူး"

ရစ်ခီကဘာမှပြောမလာဘဲ ထယ်ရယ့်လက်ထဲကို ဆေးစစ်ချက်တရွက်ထည့်ပေးလာလေသည်...

'အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်'

ထယ်ရယ် ထိတ်လန့်ပီးရစ်ခီ့ကိုမော့ကြည့်လိုက်မိသည်..

"မင်း.."

အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဆိုရင် ရစ်ခီ့မှာလပိုင်းလောက်သာအချိန်ကျန်တော့တာကို ထယ်ရယ်သိသည်..

'Even if our love is a mistake....'Where stories live. Discover now