9

933 91 12
                                    

Unicode

ကျန့်ဟောက် လက်ထဲက နာရီကိုသာစိုက်ကြည့်နေလိုက်သည်...
ည 7နာရီ....

ဆောင်းဟန်ဘင်းတစ်ယောက် နေ့လည်စာစားပီးချိန်ကတည်းကအခန်းပြင်မထွက်လာခဲ့...
ကျန့်ဟောက် အချိန်တန်ပီဟူ၍ ကောက်ချက်ချလိုက်ပီး ရုံခန်းတံခါးကိုတွန်းဖွင့်လိုက်သည်...

ဆိုဖာပေါ်မှာလှဲနေသည့် ဟန်ဘင်းရဲ့တကိုယ်လုံးချွေး‌တွေစိုရွှဲနေပီး မျက်နှာပြင်နှင့် လည်ပင်မှာလည်းအနီကွက်များပေါ်နေလေသည်...
ကျန့်ဟောက် အနည်းငယ်စိုးရိမ်သည့်ပုံစံဖြင့်...

"ဟန်ဘင်းနား မင်းဘာဖြစ်တာလဲ"

ဟန်ဘင်းအားယူပီးမျက်လုံးကိုဖွင့်ကြည့်တော့ သူ့ကိုစိတ်ပူနေသည့်အကို့ကိုတွေရသည်...

"မောင် ငါ့ကျောပေါ်တက်လိုက်
ငါမင်းကိုဆေးရုံခေါ်သွားပေးမယ်"

ဟန်ဘင်းဘာမှကိုဖြေကြားနိုင်သည့်အားမရှိတော့...

ကျန့်ဟောက်က ဟန်ဘင်းရဲ့အရပ်ရှည်ပီးလေးတဲ့ခန္ဓာကိုယ်ကို ကျောပေါ်တင်လိုက်သည်..
သိသိသာသာပင် မနိုင်မနင်းဖြစ်နေသော်လည်း
ကျန့်ဟောက်သည်လည်း ဟန်ဘင်းနှင့်ခန္ဓာကိုယ်မတိမ်းမယိမ်းဖြစ်နေသည်မို့သာ သယ်၍ရခြင်းဖြစ်သည်...

အကိုသူ့ကိုကျောပိုးပီးဆေးရုံခေါ်သွားတာ ဒါနဲ့ဆိုရင်နှစ်ကြိမ်မြောက်...
သူငယ်ငယ်လေးတုန်းက အပြင်းအထန်ဖျားနေတဲ့အချိန် ဘယ်သူမှသတိမထားမိခင်မှာပဲ အကိုကတွေ့ခဲ့ပီး သူ့ကိုဆေးရုံထိ ကျောပိုးလာခဲ့သည်..
အဲဒီအချိန်တုန်းက အကိုဟာအိုက အသက်8နှစ်လောက်ပဲရှိဦးလောက်မည်..
သူသတိပြန်ရချိန်မှာ အကိုသေးသေးလေး ငိုနေတာကိုမြင်လိုက်ရသည်...
ပထမဆုံးအကြိမ် အကိုသေးသေးလေးရဲ့ မျက်ရည်ကျတဲ့ပုံကိုမြင်ဖူးခဲ့တာဖြစ်ပီး အကိုဟာအို့ကို မျက်ရည်မကျအောင်လုပ်ပေးမည်ဟုဆုံးဖြတ်ခဲ့သည်..
ဘယ်သူကများထင်မိမှာလဲ..
သူကိုယ်တိုင်က အကို့ကို မျက်ရည်ကျစေတဲ့ နာကျင်စေတဲ့ အကြောင်းတရားဖြစ်လာလိမ့်မည်ဆိုတာ..
.
.
.
.
.
.
.
.
.
ကျန့်ဟောက် ဆေးရုံကုတင်ပေါ်မှာဖြူဖျာ့စွာခှဲနေသည့်သူကိုကြည့်ရင်း ရင်ဘတ်တခုလုံးတစစီကြေကွဲသလိုနာကျင်ရသည်..
နာကျင်လွန်းလို့ စကားဖြင့်ပင် ဖော်ပြ၍မရပေ..

'Even if our love is a mistake....'Where stories live. Discover now