Unicode
"ကိုကို
ဒီည jewelry showကို တူတူသွားမယ်မလား""ဒါပေါ့ ကိုယ်ကမက်သရူးလေးနဲ့မသွားလို့ ဘယ်သူနဲ့သွားရမှာလဲ"
အမှန်ပင် မက်သရူးမှလွဲ၍ ဟန်ဘင်းအတူတွဲသွားရန်လူမရှိပါ...
ဟန်ဘင်းမှာငယ်စဉ်ကတည်းက အပေါင်းအသင်းဟူ၍သိပ်မရှိ...
အထူးသဖြင့် မပြည့်စုံတဲ့သူ့ကိုပေါင်းသင်းချင်သူကအတော်ပင်ရှားသည်...
သူ့ပေါ်မှာ နွေးထွေးမှုတွေပေးခဲ့တဲ့သူတွေထဲမှာ
မက်သရူးလဲအပါအ၀င်ဖြစ်သည်...
ဒါကြောင့်လဲ သူမက်သရူးကို လက်ထပ်ဖို့ဆုံးဖြတ်ခဲ့သည်ကို ဘယ်တော့မှနောင်တရမည်မဟုတ်မှန်းယုံကြည်သည်...ဒီနေ့ londonက နောက်နှစ်မှာထုတ်မဲ့ပစ္စည်းအသစ်ရဲ့ဒီဇိုင်းအတွက် violinistတစ်ယောက် ရောက်မယ်ပြောတယ်..
ကုမ္ပဏီရဲ့ vibeနဲ့လည်းကိုက်ညီပီး designမှာ song noteသင်္ကေတွေထည့်ဖို့ကူညီပေးနိုင်တဲ့သူပေါ့မက်သရူးပြောသည်ကို ဟန်ဘင်းဂရုတစိုက်နားထောင်နေလိုက်သည်...
တကယ်တော့ ဟန်ဘင်းဒီကုမ္ပဏီကိုအောက်ခြေကစပီး တည်ထောင်ခဲ့ရတာပင်...အစက ဟန်ဘင်းမှာအိမ်မက်ဆိုတာမရှိခဲ့...
ခြံထဲမှာ တယောထိုးနေကြ ချစ်ရသူတယောဆရာလေးအတွက် သူ့ရဲ့လက်သွယ်သွယ်မှာ ကိုယ်တိုင်လုပ်ထားတဲ့လက်စွပ်လေး၀တ်ပေးချင်ခဲ့မိသည်...
ဒါကြောင့်လဲ jewelry artကိုသင်ယူခဲ့ပီး ကုမ္ပဏီထောင်ချိန်မှာအထိ Dear violinistဆိုပီးပေးခဲ့မိသည်..ကုမ္ပဏီတည်ထောင်ပီးတဲ့နောက် သူနဲ့အတူအေးအတူပူအမျှ ကုမ္ပဏီကိစ္စတွေကိုဆောင်ရွက်ပေးခဲ့သူက မက်သရူးပင်...
တခါတလေ သူမက်သရူးအပေါ်အားနာမိသည်.."ကိုကို့ ဘာတွေတွေးနေတာလဲ
ဒီညကျွန်တော့ကိုလာကြိုဖို့မမေ့နဲ့နော်"မက်ချူးကပြုံးရင်းဆိုလာသည်...
မက်ချူးအပြုံးတွေကအရမ်းလှသည်...
ဟန်ဘင်းမြင်ဖူးသမျှအလှအပထဲမှာ မက်ချူးအပြုံးက အလှဆုံးတွေထဲကတခုဖြစ်သည်...
.
.
.
.
.
.
.
.
.
.
ကျန့်ဟောက် ဟိုတယ်ကိုရောက်ရောက်ချင်း ခြေပစ်လက်ပစ် ကုတင်ပေါ်ကိုလှဲချလိုက်သည်...
နောက်ဆုံးတော့ သူ koreaကိုပြန်ရောက်ခဲ့ပီ...
ဒီနိုင်ငံကိုကျော်ခိုင်းခဲ့တာ ခုဆိုရင် 5နှစ်နီးပါးပင်ရှိလောက်ေလပီ...
YOU ARE READING
'Even if our love is a mistake....'
Фанфик'အကယ်၍ ငါတို့ရဲ့အချစ်ကအမှားတခုဖြစ်ခဲ့မယ်ဆိုရင်တောင်...' main-binhao×binthew side-gyujin, shentaerae 🔻This story is not related to real life🔻 Don't read if you are sensitive about otp